ရခိုင်ပြည်နယ်အစိုးရသတင်းစာရှင်းလင်းပွဲတွင် တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးရေးအတွက်လုံခြုံရေးပိုင်းကို ဦးစားပေးဆောင်ရွက်နေဟု ပြော

ရခိုင်ပြည်နယ်အစိုးရသတင်းစာရှင်းလင်းပွဲတွင် တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးရေးအတွက်လုံခြုံရေးပိုင်းကို ဦးစားပေးဆောင်ရွက်နေဟု ပြော
by -
စံမောင်သန်း

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုံခြုံရေးအပိုင်းကို ဦးစားပေး ဆောင်ရွက်နေသည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်က ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပြောဆိုလိုက်သည်။

ရခိုင်နယ်အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သော ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ဒုတိယ တစ်နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ပြောကြားခဲ့သည်။

"ရခိုင်ပြည်နယ်ဟာ အခြားပြည်နယ်နဲ့တိုင်းဒေသနဲ့မတူဘဲ ထူးခြားတဲ့ဖြစ်စဉ်တွေ ဖြစ်ပွားနေတဲ့ ဒေသဖြစ်တဲ့အတွက် လုံခြုံရေးကို ဦးစားပေး ဆောင်ရွက်နေပါတယ်။ ရခိုင်ပြည်နယ်မှာတည်ငြိမ်မှုတွေ လျော့ကျပြီး အကြမ်းဘက်မှုတွေ ပေါ်ပေါက်နေတဲ့ဒေသဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်အရေးဟာ ပြည်ထောင်စုသာမက နိုင်ငံတကာ အရေးအဆင့်ထိ ရောက်ရှိနေပါတယ်"ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပုက ပြောကြားခဲ့သည်။

ဒေသဖွံ့ဖြိုးရေးသည် ဒေသတည်ငြိမ်အေးချမ်းရေးရှိမှ ဖြစ်နိုင်သလို ဖွံ့ဖြိုးရေးရှိမှလည်း ဒေသတည်ငြိမ် အေးချမ်းလာမည်ဟု ဝန်ကြီးချုပ်က ပြောကြားသွားခဲ့သည်။

ယနေ့သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အစိုးရတစ်ဖွဲ့လုံး၏ ဆောင်ရွက်ချက်များကို ခြုံငုံ ပြောကြားခဲ့သလို လျှပ်စက် စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် လူမှုရေးဝန်ကြီးအပါအဝင် အခြားဝန်ကြီးများကလည်း ရှင်းလင်းပြောကြားခဲ့ကြသည်။

ပြည်နယ်အစိုးရ၏ တစ်နှစ်တာဆောင်ရွက်ခဲ့မှုများကို ပြည်နယ်အစိုးရက အားရကျေနပ်မှုရှိပြီး ယခုကဲ့သို့ရှင်းလင်းမှုများကို အလျည်းသင့်သလို ဆောင်ရွက်သွားမည်ဟု ပြောကြားသွားခဲ့သည်။

နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...
ဓာတ်ပုံ - PBS News
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် အမြင့်ကျွန်းမှ ရွှေမင်းဂံချောင်းဝအထိ...
စစ်တွေလေဆိပ် - ဓာတ်ပုံ - နိရဉ္စရာ
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်တွေလေဆိပ်တွင် လက်ရှိ စစ်ရေးအခြေအနေများကြောင့် စစ်အုပ်စုက...
ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...