ကျေးလက်လူမှုစီးပွားတိုးတက်ရန် နေထိုင်ပုံ၊ စဉ်းစားပုံ ပြောင်းလဲရန်လိုအပ်ဟု ဒုသမ္မတပြော

ကျေးလက်လူမှုစီးပွားတိုးတက်ရန် နေထိုင်ပုံ၊ စဉ်းစားပုံ ပြောင်းလဲရန်လိုအပ်ဟု ဒုသမ္မတပြော
by -
ရဲနိုင်(လောက်ကိုင်)

ငတ်မွတ်ခေါင်းပါးမှု ပပျောက်ရန်ဆောင်ရွက်ခြင်းဖြင့်သာ ကျေးလက်ဒေသလူမှုစီးပွားဘဝ တိုးတက်ရန် ဆောင် ရွက်နိုင်မည်ဖြစ်ပြီး မိမိတို့အနေဖြင့် နေထိုင်ပုံ၊ စဉ်းစားပုံများကိုလည်းပြောင်းလဲရန် လိုအပ်ကြောင်း ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ပြောကြားလိုက်သည်။

မြန်မာနိုင်ငံရှိ လူဦးရေ၏ ရဝ ရာခိုင်နှုန်းကျော်မှာ စိုက်ပျိုးရေးကို အခြေခံသော ကျေးလက်ဒေသတွင် နေထိုင် သူများဖြစ်သည့်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးမှာ များစွာအရေးကြီးကြောင်း ဦးဟင်နရီဗန်ထီးယူက ပြောသည်။

“ပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှု စနစ် တွေလည်း လိုအပ်လှပါတယ်။ ဒါ့အပြင် အစိုးရအနေနဲ့ နိုင်ငံဖွံ့ဖြိုးရေးအတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှပ်နှံသူ တွေကို အခွင့်အလမ်းကောင်းတွေဖန်တီးပေးဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်”ဟု ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ ပြောကြားသည်။

နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် အောက်တို ဘာလ ၁၆ ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည့် ၂ဝ၁၈ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက တက်ရောက်အမှာစကား ပြောကြားရာ၌ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

၂ဝ၁၇ ခုနှစ် (FAO)၏ အစီရင်ခံစာအရ ၂ဝ၁၆ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ၏ ၈၁၅ သန်းကျော်သည် ပြင်းထန် သည့်ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ကာလရှည်ခံစားနေကြရပြီး ယင်းကိန်းဂဏန်းမှာ ၂ဝ၁၅ ခုနှစ်ကထက် ၃၈ သန်းကျော် များပြားလာကြောင်းသိရသည်။

ထိုအထဲမှ ၁၅၅ သန်းသော အသက် ၅ နှစ်အောက်ကလေးငယ်များမှာ ကြုံလှီသေးကွေးနေကြပြီး အလွန်အမင်း ဆင်းရဲသူအားလုံးအနက် ၈ဝ ရာခိုင်နှုန်းမှာ ကျေးလက် ဒေသများတွင် နေထိုင်ကြကာ စိုက်ပျိုးရေးနှင့် အသက်မွေးကြကြောင်းသိရသည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...