မြိုင်ကြီးငူဆရာတော်၏ ရုပ်ကလာပ်တော်ကို ပြန်လည်ပင့်ဆောင်လာ

မြိုင်ကြီးငူဆရာတော်၏ ရုပ်ကလာပ်တော်ကို ပြန်လည်ပင့်ဆောင်လာ
by -
ပြည့်ဖြိုးနောင်(ကော့ကရိတ်)

ယမန်နေ့က ဘဝနတ်ထံ ပျံလွန်တော်မူသွားသည့် မြိုင်ကြီးငူဆရာတော်ကြီး၏ ရုပ်ကလာပ်တော်ကို ယနေ့ အောက်တိုဘာ ၁၄ ရက်တွင် ဘန်ကောက်မြို့ မှ မြိုင်ကြီးငူဒေသသို့ မဲဆောက်-မြဝတီမြို့မှတဆင့် ပြန်လည်ပင့်ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ပြန်လည်သယ်ဆောင်ရန် တပည့်တိုက်အုပ်ဆရာတော်ဦးဉာဏိကနှင့် တပည့်သံဃာတော်များက နယ်ခြားစောင့်တပ် (BGF)၊ မြဝတီမြို့တာဝန်ခံများနှင့်ချိတ်ဆက်ဆောင်ရွက်နေကြခြင်း ဖြစ်သည်။

မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တသုဇနသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့Bumrungrad ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် သက်တော် (၇၁နှစ်)၊ ဝါတော် (၅၂ )အတွင်း ထိုင်းစံတော်ချိန် ည ၉ နာရီ ၁၂မိနစ် အောက်တိုဘာလ ၁၃ ရက်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ခြင်း ဖြစ်သည်။

ဆရာ​တော်​၏ ရုပ်​ကလာပ်​​တော်​အား ထီးဖိုးကလိုးရွာမှ မြိုင်​ကြီးငူအထိ BGFတပ်​မှ ဗိုလ်​မှူးသိန်​း​ဇော်​မင်​းနှင်​့အဖွဲ့မှ လုံခြုံ​ရေးတာဝန်​ဖြင်​့ ပင်​့​ဆောင်​​ပေးနေခြင်း ဖြစ်​သည်​။

မော်တော်ယာဉ်များဖြင့် မြဝတီမြို့မှ အာရှလမ်းအတိုင်း၊ ရင်ခွဲတောင်မှ လှိုင်ဝစစ်ဆေးရေး ဂိတ်၊ ဂျိုင်းတံတားမှ ဘားအံဘက်သို့ သယ်ဆောင်လာခြင်း ဖြစ်သည်။

မြိုင်ကြီးငူဆရာတော်ကြီးသည် ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသတွင်သတင်းသုံးခဲ့ခြင်းဖြစ်ပြီး အဆိုပါဒေသတစ်ဝိုက်တွင် အထင်ကရ ဆရာတော်တစ်ပါးလည်းဖြစ်သည်။

အလားတူ လူဦးရေ ထောင်ကျော်ရှိသည့် မြိုင်ကြီးငူစစ်ရှောင်စခန်းကို ဦးဆောင်နေသည့် ဆရာတော်တစ်ပါးလည်းဖြစ်သည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...