နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းအားလုံး၏ ၆ဝရာခိုင်နှုန်းကို မူဆယ် ၁၀၅မိုင်ကုန်သွယ်ရေးဇုန်မှ လုပ်ဆောင်နေ

နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းအားလုံး၏ ၆ဝရာခိုင်နှုန်းကို မူဆယ် ၁၀၅မိုင်ကုန်သွယ်ရေးဇုန်မှ လုပ်ဆောင်နေ
by -
မိုးမြင့်ဇော်၊ အောင်ကိုဦး

နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းအားလုံး၏ ၆ဝရာခိုင်နှုန်းကို မူဆယ် ၁၀၅မိုင်ကုန်သွယ်ရေးဇုန်က နှစ်စဉ်တာဝန် ယူဆောင်ဆောင်ရွက်ပေးနေကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၆ခုရှိပြီး မူဆယ်ကုန်သွယ်ရေးဇုန်သည်အကြီးဆုံးဖြစ်ကာ ကုန် သွယ်မှုအားလုံး၏ ၆ဝရာခိုင်နှုန်းကို တာဝန်ယူဆောင်ရွက်ပေးနေကြောင်း မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန် တာဝန်ခံ၊ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းကို ကပြောသည်။

"နိုင်ငံကုန်သွယ်မှုပမာဏအချိုးအရ တစ်နိုင်ငံလုံးရဲ့ ၂၄ရာခိုင်နှုန်းဝန်းကျင်သည် နယ်စပ်ကုန်သွယ်မှုလုပ်ငန်း များဖြစ်ပါတယ်။ ကျန်တဲ့ ၇၅ရာခိုင်နှုန်းလောက်ကတော့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလုပ်ငန်းနဲ့ ဆောင် ရွက်နေပါတယ်။ နယ်စပ်ကုန်သွယ်ရေးစခန်း ၁၆ခုရှိတဲ့ထဲမှာ မူဆယ်ကုန် သွယ်ရေးဇုန်သည် ပမာဏအကြီးဆုံး နဲ့ နယ်စပ်ကုန်သွယ်မှုလုပ်ငန်းစဉ်အားလုံးရဲ့ ၆ဝရာခိုင်နှုန်းနီးပါးကို နှစ်စဉ်ပုံမှန် တာဝန်ယူဆောင်ရွက်ပေးနေတဲ့ လုပ်ငန်းဖြစ်ပါတယ်" ဟု ဦးတင်ရဲဝင်းကို ကပြောသည်။

မူဆယ် ၁၀၅မိုင်နယ်စပ်ကုန်သွယ်ရေးစခန်းသည် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများကို အဓိက ဆောင်ရွက်နေပြီး တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုလုပ်နိုင်သော စခန်း ၄ခုရှိကြောင်း  ကချင်ပြည်နယ် တွင် ကန်ပိုက်တီး၊ လွယ်ဂျယ်နှင့် ရှမ်းပြည်နယ်တွင် မူဆယ်၊ ချင်းရွှေဟော်တို့ဖြစ်ကြောင်း သိရသည်။

ကုန်သွယ်မှုလုပ်ငန်းလုပ်ဆောင်ရာတွင် အမေရိကန်ဒေါ်လာစျေး မတည်ငြိမ်မှုသည်လည်း ကုန်သွယ်မှုကို အ နည်းနှင့်အများ ရိုက်ခတ်မှုရှိကြောင်း သိရသည်။

"ဒေါ်လာငွေစျေးတွေ မငြိမ်သက်တာတွေ အတက်ကြမ်းတယ်။ အကျကြမ်းတယ်ဆိုရင် ကုန်သည်တွေမလုပ်ရဲ တော့ဘူး။ အဲဒီအခါကျရင် ကုန်သွယ်မှုသည် ငြိမ်သွားတယ်။ စောင့်ကြည့်ကြတဲ့ အနေအထားမျိုးဖြစ်သွားတယ်။ အဲဒီတော့ ဒီလိုငွေစျေးတွေရဲ့သက်ရောက်မှုကလည်းကျွန်တော်တို့အပေါ်မှာ အနည်းနဲ့အများရိုက်ခတ်တာဘာ ဘဲ" ဟု ဦးတင်ရဲဝင်းကို ကပြောသည်။

မူဆယ်ကုန်သွယ်ရေးဇုန်သည် နှစ်စဉ် အမေရိကန်ဒေါ်လာသန်း ၅ ထောင်ကျော်ကို ပုံမှန်ရှာဖွေဆောင်ရွက် ပေးနေပြီး ယမန်နှစ်ဘဏ္ဍာနှစ်တွင် ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှုပမာဏမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၈၈၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...