နန်းမိုဟွမ်ကို ထောင်ဒဏ် ၃နှစ်ချမှတ်ပြီး TNLA နယ်မြေတွင်ထိန်းသိမ်းထား

နန်းမိုဟွမ်ကို ထောင်ဒဏ် ၃နှစ်ချမှတ်ပြီး TNLA နယ်မြေတွင်ထိန်းသိမ်းထား
by -
စိုးသူအောင်
မိသားစုထံမှ ရရှိသည့် နန်းမိုဟွမ် ဓာတ်ပုံ
မိသားစုထံမှ ရရှိသည့် နန်းမိုဟွမ် ဓာတ်ပုံ

ဖမ်းဆီးထားသည့် နန်းမိုဟွမ်ကို TNLA တရားရေးဌာနမှ စစ်ဆေးခဲ့ပြီးနောက် ထောင်ဒဏ် ၃ နှစ်ချမှတ်ကာ တအာင်းလက်နက်ကိုင်အဖွဲ့၏ နယ်မြေတွင် ထိန်းသိမ်းထားသည်ဟု TNLA အဖွဲ့၏သတင်းနှင့် ပြန်ကြားရေး ဌာနမှ တာဝန်ခံဗိုလ်မှူးတာအိုက်ကျော်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

သို့သော် ထိန်းသိမ်းထားသော နန်းမိုဟွမ်ကို မိသားစုနှင့်တွေ့ခွင့်ပေး၊ မပေးကိုမှု အသေးစိတ်မပြောနိုင် သော်လည်း ကျန်းမာရေးကောင်းမွန်ပြီး အောက်တိုဘာ ၅ ရက်နေ့က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။

“ ရာဇသတ်ကြီးပုဒ်မ-၃၃၃ နဲ့ထောင်ဒဏ် ၃နှစ်ချမှတ်လိုက်တယ်။ ကျွန်တော်တို့ နယ်မြေထဲမှာပဲ ထိန်းသိမ်းထားတာဖြစ်တယ်” ဟု ဗိုလ်မှူး တာအိုက်ကျော် က ဆိုသည်။

နန်းမိုဟွမ်ကို တအာင်းလက်နက်ကိုင်အဖွဲ့ TNLA မှဖမ်းဆီးခေါ်ဆောင်ခဲ့သည်မှာ ၂ ကျော်ကြာမြင့်ပြီးနောက် အပြင်းအထန်နာကျင်စေမှုဖြင့် TNLA မှ ယခုကဲ့သို့အမိန့်ချမှတ်ခဲ့ခြင်းလည်းဖြစ်သည်။

TNLA အဖွဲ့မှဖမ်းဆီးထားသည့် ရှမ်းအမျိုးသမီး နန်းမိုဟွမ်လွတ်မြောက်ရေးကိစ္စအား ‘ဝ’ အဖွဲ့ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC က ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးမည် ဟုလည်း ထုတ်ပြန်ထားသည်။ ထို့ကြောင့် ထောင်ဒဏ်ချမှတ်ခံရပြီးနောက် မည်သို့ဆက်လက်ဆောင်ရွက်မည်ကို အသေး စိတ် မသိရှိရသေးပေ။

ဖမ်းဆီးခံခဲ့ရသော နန်းမိုဟွမ်ကို ပြန်လည်လွှတ်ပေးရေးအတွက် မိသားစုဝင်များနှင့် ဒေသခံများက ဆန္ဒပြ တောင်းဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NRPC မှလည်း ပြန်လွှတ်ပေးရန် တောင်းဆိုထားခြင်း များလည်း ရှိခဲ့သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့်နှစ် ၂၀၁၇ ခုနှစ်အတွင်းပိုင်း၌ နန်းမိုဟွမ်၏ နေအိမ်သို့ TNLA အဖွဲ့မှ ဆက်ကြေးလာရောက် တောင်းယူခဲ့ပြီး ပြန်အထွက်တွင် တပ်မတော်နှင့် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကာ TNLA အဖွဲ့ဝင် တစ်ဦး သေဆုံးပြီး တစ်ဦး အဖမ်းခံခဲ့ရသည်။

ယင်းကိစ္စတွင် နန်းမိုဟွမ်မှ သတင်းပေးခဲ့ခြင်းကြောင့် ဖြစ်သည်ဟု TNLA ဘက်က စွပ်စွဲပြောဆို ထားခြင်းဖြစ်သည်။

 

ထို့ကြောင့် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့၊ ဟိုနောင်ရပ်ကွက်တွင် နေထိုင်သည့် နန်းမိုဟွမ်ကို သြဂုတ်လအ တွင်း၌ TNLA အဖွဲ့မှ တပ်ဖွဲ့ဝင်အချို့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး TNLA ဗဟိုတရားရုံးမှ ရာဇသတ်ကြီး ပုဒ်မ ၃၃၃ ဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်းလည်းဖြစ်သည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...