မုန်တိုင်းအရှိန်ကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၈ ခုတွင် မိုးကြီးမည်

မုန်တိုင်းအရှိန်ကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၈ ခုတွင် မိုးကြီးမည်

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး ၈ ခုတို့တွင် မိုးကြီးနိုင်မည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာ ၉ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

မုန်တိုင်းငယ်သည် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း အိန္ဒိယနိုင်ငံ၊ ဂိုလ်ပါပူမြို့၏ အရှေ့တောင်ဘက် မိုင်(၃၁၀)ခန့်၊ ကလင်ဂါပတ္တနမ်မြို့၏ အရှေ့တောင်ဘက် မိုင်(၂၈၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး နောက် ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ကူးပြောင်းနိုင်သည်ဟု သိရသည်။

သို့သော်လည်း မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမှုမရှိသောကြောင့် အဝါရောင်အဆင့် သတ်မှတ်ထားသည်ဟုလည်း မိုး/ဇလ က ထုတ်ပြန်ထားသည်။

မုန်တိုင်းအရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာသွန်းပြီး၊ ဒေသအလိုက်နေရာကွက်၍ မိုးကြီးနိုင်သည်ဟုလည်း ခန့်မှန်းထားသည်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကာ  ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်သည် ဟုလည်း မိုး/ဇလက ထုတ်ပြန်ထားသည်။

မိုးသက်လေပြင်းများ ကျရောက်မှုကြောင့် လှိုင်းအမြင့်သည် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့် အထိ ရှိနိုင်ပြီး မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၉)ပေခန့် ရှိနိုင်ကြောင်း သိရသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...