တိုင်းပြည်ဖွံ့ဖြိုးအောင် မလုပ်နိုင်သူအချို့က အခြေခံဥပဒေကို လွှဲချနေဟု ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌဆို

တိုင်းပြည်ဖွံ့ဖြိုးအောင် မလုပ်နိုင်သူအချို့က အခြေခံဥပဒေကို လွှဲချနေဟု ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌဆို
by -
စိုးသူအောင်
ဓာတ်ပုံ -Union Solidarity and Development Party
ဓာတ်ပုံ -Union Solidarity and Development Party

တိုင်းပြည်ကိုဖွံ့ဖြိုးတိုးတက်အောင်မလုပ်နိုင်သူအချို့က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတားအဆီး တစ်ခုအဖြစ်လွှဲချနေကြသည်ဟု ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှ ဥက္ကဋ္ဌ ဦးသန်းဌေး က ပြောဆိုလိုက်သည်။

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်၍ USDP ပါတီ ကိုယ်စားလှယ်လောင်း မိတ်ဆက်ပွဲနှင့် လူထုတွေ့ဆုံပွဲတွင် ဦးသန်းဌေးက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ဒီနေ့တိုင်းပြည်ကို ဖွံ့ဖြိုးအောင်၊ တိုးတက်အောင် အလုပ်တွေဖြစ်အောင် မလုပ်နိုင်သောပုဂ္ဂိုလ်အချို့က ဒီအခြေခံဥပဒေကြီးကြောင့်ပါလို့ ရမယ်ရှာနေတယ်။ ဒီအခြေခံဥပဒေကြီးဖျက်ပစ်လိုက်မှ အလုပ်ကို အောင် မြင်အောင် လုပ်ပြနိုင်မှာပါလို့ တရားခံရှာနေတဲ့ အဲ့ဒီ ဥပဒေကြီးမှာ ချင်းလူမျိုးတွေ ပညာမသင်ရဘူးလို့လည်း မပြောဘူး။ ချင်းတွေ ဗမာပြည်မှာလာမနေနဲ့လို့လည်းမပြောဘူး။ ချင်းတွေနိုင်ငံရေး မလုပ်ရဘူး လို့လည်း မပြောဘူး။ ချင်းတွေ နိုင်ငံတော် သမ္မတမဖြစ်ရဘူးလို့လည်း ကန့်သတ်မထားဘူး။ အခြေခံဥပဒေထဲမှာ အားလုံးကို အတိအလင်း တစ်ပြေးညီပေးထားတာ။ အားလုံးတန်းတူအခွင့် အရေးရှိတယ်” ဟု ဦးသန်းဌေး ကပြောသည်။

ထို့အပြင်အခြေခံဥပဒေထဲတွင် လူမျိုးကြောင့်ဖြစ်စေ၊ ကျား/မ ကွဲပြားမှုကြောင့်ဖြစ်စေ၊ ကိုးကွယ်သည့် ဘာသာရေးကြောင့်ဖြစ်စေ အခွင့်အရေးခြားနားမှုမရှိ၊ အားလုံးတန်းတူသာဖြစ်သည်ဟုလည်း ၄င်းကဆိုသည်။

“ ဒါကြောင့် အခုအခြေခံဥပဒေကြောင့် တိုင်းပြည်တိုးတက်မှုနှောင့်နှေးတယ်။ အလုပ်လုပ်လို့မရဘူး။ ပြောနေတဲ့စကားတွေကို နားမယောင်ပါနဲ့ ၊သေသေချာချာသိအောင် နားလည်အောင်ဖတ်ကြည့်ကြပါဦး” ဟု ပြည်ထောင်ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)မှ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး လစ်လပ် မဲဆန္ဒ နယ်များမှာ ပြည်သူ့လွှတ်တော်အတွက် ၄ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၁ နေရာ၊ တိုင်းနှင့် ပြည်နယ် လွှတ်တော်များအတွက် ၈ နေရာ စုစုပေါင်း ၁၃ နေရာ လစ်လပ်လျှက်ရှိသည်။

လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီကမူ လစ်လစ်မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဟု ပါတီ၏ ပြောရေးဆို ခွင့်ရှိသူများကပြောဆိုထားပြီး USDP ပါတီအနေဖြင့်မှု ၁၀ နေရာ တွင်သာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

NLD အစိုးရသက်တမ်းကာလအတွင်း ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ပထမအကြိမ် ကြားဖြတ် ရွေးကောက်ပွဲကျင်းပခဲ့ပြီး နိုင်ငံရေးပါတီ ၂၄ ခုနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် စုစုပေါင်း ၉၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...