ဆက်မလုပ်လိုသောကြောင့် တရားလွှတ်တော် တရားသူကြီးတစ်ဦး နှုတ်ထွက်စာတင်

ဆက်မလုပ်လိုသောကြောင့် တရားလွှတ်တော် တရားသူကြီးတစ်ဦး နှုတ်ထွက်စာတင်
by -
နောင်နောင်
ဓာတ်ပုံ-(နောင်နောင်)
ဓာတ်ပုံ-(နောင်နောင်)

ရခိုင်ပြည်နယ်တရားလွှတ်တော်မှ တရားသူကြီး ဒေါ်စန်းစန်းရီသည် လက်ရှိအလုပ်တွင် ဆက်မလုပ်ချင်တော့သည့် သဘောဖြင့် နှုတ်ထွက်ခွင့်သာဖြစ်ပြီး တခြားကိစ္စရပ်များ မရှိကြောင်း ရခိုင်ပြည်နယ်တရားရေး ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဦးမောင်သန်းက မဇ္စျိမသို့ ပြောသည်။

“တခြားအကြောင်းတွေ မရှိပါဘူး။ တကယ်တော့ သူက ဒီအလုပ်မှာ ဆက်မလုပ်ချင်တော့လို့ နှုတ်ထွက်စာတင်တာပါ။ နောက်ကိစ္စရပ် အဲဒါတွေ ဘာမှမရှိပါဘူး။”ဟု ၎င်းက ပြောကြားသည်။

ရခိုင်ပြည်နယ် တရားလွှတ်တော်တရားသူကြီး ဒေါ်စန်းစန်းရီကို ၎င်း၏ သဘောဆန္ဒအလျှောက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့မှစတင်၍ ရာထူးမှနှုတ်ထွက်ခွင့်ပြု လိုက်ပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်လိုက်သည်။

အဆိုပါ နှုတ်ထွက်ခွင့်ပြုခြင်းကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လက်မှတ်ထိုးပြီး အမိန့်အမှတ်၊ ၃၅/၂၀၁၈ ဖြင့် အောက်တိုဘာလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။

ဒေါ်စန်းစန်းရီသည် လာမည့် နိုဝင်ဘာလ (၁) ရက်နေ့တွင်မှ ၎င်း၏ရာထူးမှ နှုတ်ထွက်ရမည်ဖြစ်ပြီး လက်ရှိတွင် ပြည်နယ်တရားလွှတ်တော်၌ တရားသူကြီးအဖြစ် ဆက်လက်တာဝန် ထမ်းဆောင်လျှက်ရှိနေသည်။

ရခိုင်ပြည်နယ်တရားရေး ဦးစီးအရာရှိ၏ ပြောကြားချက်အရ ဒေါ်စန်းစန်းရီသည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည်မှာ ၅ နှစ်ခန့်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...