ကိုးကွယ်မှုပေါ်မူတည်ပြီး မွန်ပြည်နယ် ပေါင်မြို့နယ်မှာ ပဋိပက္ခဖြစ်၊ ကျောင်းထိုင်ဘုန်းကြီးအား ထိန်းသိမ်း

ကိုးကွယ်မှုပေါ်မူတည်ပြီး မွန်ပြည်နယ် ပေါင်မြို့နယ်မှာ ပဋိပက္ခဖြစ်၊ ကျောင်းထိုင်ဘုန်းကြီးအား ထိန်းသိမ်း
by -
ဇေယျာမော်

မွန်ပြည်နယ် ပေါင်မြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် ကိုးကွယ်ယုံကြည်မှုအပေါ် အခြေခံပြီး ပဋိပက္ခဖြစ်စဉ် တစ်ခု ဖြစ်ပေါ်ခဲ့ကာ ကျောင်းထိုင်ဆရာတော်အား သံဃာ့အဖွဲ့နှင့် ရဲတပ်ဖွဲ့မှ ထိန်းသိမ်းခေါ်ဆောင်သွားသည်ဟု မဇ္စျိမက စုံစမ်းသိရှိရသည်။

ကိုးကွယ်မှုပေါ်မူတည်ပြီး မွန်ပြည်နယ် ပေါင်မြို့နယ် မှော်ဘီကျေးရွာ၌ ယမန်နေ့ညစက်တင်ဘာ ၂၆ ရက်နေ့က ပဋိပက္ခအသွင် လူစုလူဝေးနှင့် ခိုက်ရန်ဖြစ်ပွားမှု ဖြစ်ခဲ့ခြင်းဖြစ်သည်။

“ရဲအင်အားတိုးချဲ့ထားတယ်။ အစိုးရအဖွဲ့က တိုက်ရိုက်ညွှန်ကြားထားတယ်ပေါ့နော်၊ ဒဏ်ရာရတဲ့သူတွေကို ဆွဲထုတ်ပြီး ဆေးရုံပို့ထားတယ်။ ရွာသားတွေလည်း ကိုယ့်အိမ်ကိုယ်ပြန်ကြဖို့ ပြောထားတယ်။ ကျောင်းထိုင် ဘုန်းကြီးကိုလည်း သံဃာ့အဖွဲ့က ထိန်းသိမ်းဖို့အတွက် ခေါ်သွားပြီ” ဟု ပေါင်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မိကွန်ချမ်းက အတည်ပြုပြောဆိုသည်။

လက်ရှိအချိန်တွင် ပဋိပက္ခဖြစ်စဉ်၌ ပါဝင်သူများကို အရေးယူနိုင်ရန် ရဲတပ်ဖွဲ့မှ စစ်ဆေးနေပြီး အခြေအနေကို ထိန်းသိမ်း နိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များအား ချထားပေးမည်ဟု ၄င်းကဆိုသည်။

“ကိုးကွယ်မှုအပေါ်မှာပဲ နှစ်ဖွဲ့ကွဲပြီးတော့ ဖြစ်ကြတာ၊ အမုန်းတရားကြီးလိုဖြစ်သွားတာပေါ့” ဟု မိကွန်ချမ်းက ဆိုသည်။

အဆိုပါ ဖြစ်စဉ်သည် မှော်ဘီကျေးရွာကျောင်းထိုင်ဆရာတော် ဥူးတေဇိန္ဒ အပေါ် ယုံကြည်ကိုးကွယ်မှုရှိသည့် လူတစ်စုနှင့် မရှိသည့် လူတစ်စု အကြား စတင်ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ၄င်းနှင့် ပတ်သက်ပြီး လူမှုရေး ကိစ္စတစ်ခု သည် ယမန်နေ့ညက ရွာသူရွာသားများ အကြား ပျံ့နှံ့လာရာမှ ပဋိပက္ခအသွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် ဘုန်းကြီးကျောင်းအတွင်းရှိ ကျောင်းထိုင်ဘုန်းကြီး ထောက်ခံသူများနှင့် ကျောင်းဝန်းပြင်ပရှိ မထောက်ခံသူများအကြား ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လူ ခုနှစ်ဦးထပ်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ် သည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...