ဘားအံအကျဉ်းထောင်မှ ထွက်ပြေးအကျဉ်းသားများဖမ်းမိရေး KNU/KNLA PC ပူးပေါင်းဆောင်ရွက်မည်

ဘားအံအကျဉ်းထောင်မှ ထွက်ပြေးအကျဉ်းသားများဖမ်းမိရေး KNU/KNLA PC ပူးပေါင်းဆောင်ရွက်မည်
by -
ဇေယျာမော်
(ဓာတ်ပုံ - AFP )
(ဓာတ်ပုံ - AFP )

ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်နေသည့် အကျဉ်းသားများအား ပြန်လည် ဖမ်းမိစေရန် KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ပူးပေါင်းဆောင်ရွက်နေသည်ဟု စက်တင်ဘာ ၂၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ထောင်ဖောက်အကျဉ်းသားများသည် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၏ ဂိတ်စခန်းများ ရှိသည့်နေရာများမှ မဖြတ်ဘဲ လူအသွားအလာနည်းသည့် တောလမ်းများတွင် ဖြတ်သန်းသွားလာနိုင်သည်ဟုလည်း KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ကဆိုသည်။

“မသင်္ကာဖွယ်ရာ သူစိမ်းများ ဝင်ရောက်လာပါက စနစ်တကျ စစ်ဆေးမေးမြန်းသွားရန် နှင့် ထောင်ပြေး အကျဉ်းသားများ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသူများအား အရေးယူနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးရန် အကြောင်းကြားအပ်ပါသည်” ဟု လက်အောက်ခံတပ်ရင်းများသို့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီက အကြောင်းကြားစာ ပေးပို့ထားသည်။

လွတ်ရက်မရှိ အကျဉ်းကျနေသည့် အကျဉ်းသားတစ်ဦးမှ ဦးဆောင်၍ အကျဉ်းသား ၄၁ ဦးသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်နေ့တွင် ဘားအံအကျဉ်းထောင်မှ ထွက်ပြေးခဲ့ခြင်းလည်းဖြစ်သည်။

ထောင်ဖောက်ပြေးရာတွင် အကျဉ်းသားများကို ဦးဆောင်ခဲ့သူ ကျော်မိန်လ(ခ) အရှောင်(ခ) ကျော်ဖကုလား(ခ) မိန်လှသည်  မူးယစ်မှု၊ လူသတ်မှု တို့ဖြင့် ထောင်ဒဏ်နှစ် အကန့်အသတ်မရှိ (လွှတ်ရက်မရှိ) ကျခံနေရသူဖြစ်ပြီး ၄င်းအား ရဲတပ်ဖွဲ့မှ ပြန်လည်ဖမ်းဆီးရာတွင် အသေဖမ်းမိခဲ့သည်။

အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်နေသည့် အကျဉ်းသား ၄၁ ဦးအနက် ၁၈ ဦး ကိုဖမ်းဆီးရမိရန် ကျန်ရှိနေသေးပြီး အဆိုပါ အကျဉ်းသား ၁၈ ဦးနှင့်ပတ်သက်ပြီး မိမိတို့ အနီးပတ်ဝန်းကျင်၌ မသင်္ကာဖွယ် တစ်စုံတစ်ရာတွေ့ရှိပါက နီးစပ်ရာ ရဲစခန်းသို့ သတင်းပေးခြင်းဖြင့် ပူးပေါင်းကူညီပေးပါရန် ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှ မေတ္တာရပ်ခံထားသည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...