ဘားအံအကျဉ်းထောင်မှ ထွက်ပြေးအကျဉ်းသား ၁ ဦး လိုင်းကားစီးလာစဉ် ဖမ်းဆီးရမိ

ဘားအံအကျဉ်းထောင်မှ ထွက်ပြေးအကျဉ်းသား ၁ ဦး လိုင်းကားစီးလာစဉ် ဖမ်းဆီးရမိ

ဘားအံအကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်နေပြီး ပြန်ဖမ်းဆီးရမိရန် ကျန်ရှိနေသော အကျဉ်းသား ၁၉ ဦးအနက်မှ တစ်ဦးအား ထပ်မံဖမ်းဆီးရမိကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မင်းဇော်(ခ)သံချောင်း (၃၈)နှစ်၊ (ဘ)ဦးငွေလာ၊ အမှတ်(၉)ကွင်းပိုင်း၊ ထုံးအိုင်ကျေးရွာ၊ ဘားအံမြို့နယ်၊ မူး/စိတ်ပုဒ်မ ၁၅ အမှုနှင့် မူး/စိတ်ပုဒ်မ ၁၉(က)အမှုဖြင့် ထောင်ဒဏ်(၁၄)နှစ်ကို ဘားအံမြို့၊ တောင်ကလေးစစ်ဆေးရေးဂိတ်၌ စက်မှုဇုံနယ်မြေစခန်း နှင့် အမှတ်(၂၂)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဒုရဲအုပ် ဇော်လင်း ဦးစီးတပ်ဖွဲ့ဝင်များ စစ်ဆေးလျက်ရှိရာ လှိုင်းဘွဲမှ ဘားအံသို့ လိုင်းကားဖြင့်ရုပ်ဖျက်လိုက်ပါလာသော မင်းဇော်(ခ)သံချောင်းအား မသကာင်္သဖြင့် စက်တင်ဘာလ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီ ကျော်ခန့်အချိန်တွင် ဖမ်းဆီးရမိခဲ့သည်။

စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၆ နာရီကျော်ခန့်အချိန်ကလည်း ထွက်ပြေးအကျဉ်းသား တစ်ဦး ဖြစ်သည့် အောင်အောင် (ခ)ဖာစွပ် (၃၅)နှစ်၊ (ဘ)ဦးကမာလူတင်၊ မွတ်ဆလင်/ အစ္စလာမ်၊ တောင်ပိုင်း ရပ်ကွက်၊ ရွှေဂွန်းကျေးရွာ၊ လှိုင်းဘွဲမြို့၊ လက်နက် ၁၉(င) (ထောင်ဒဏ် ၂နှစ်) ကို မင်းဇီအထက်ကျေးရွာတွင် ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုး ဦးဆောင်သော ရဲတပ်ဖွဲ့နှင့် မိတ်ဖက်အဖွဲ့များက ဖမ်းဆီးရမိခဲ့သည်။

စက်တင်ဘာလ ၁၆ ရက်က အကျဉ်းသား ၄၁ ဦး ထွက်ပြေးသွားခြင်းဖြစ်ပြီး ယခုလက်ရှိအချိန်တွင် အကျဉ်းသား ၁၈ ဦး ပြန်လည်ဖမ်းမိရန် ကျန်ရှိနေသေးသည်။

ပြန်လည်ဖမ်းဆီးရမိရန် ကျန်ရှိနေသာ အကျဉ်းသား ၁၈ ဦးနှင့်ပတ်သက်၍ မိမိတို့ အနီးပတ်ဝန်းကျင်တွင် မသင်္ကာဖွယ် တစ်စုံတစ်ရာတွေ့ရှိပါက နီးစပ်ရာ ရဲစခန်းသို့ သတင်းပေးခြင်းဖြင့် ပူးပေါင်းကူညီပေးပါရန် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ မေတ္တာရပ်ခံထားသည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...