မော်လမြိုင်မြို့တွင် ခွေးလေးခွေးလွင့်များကို စီမံချက်ဖြင့် ရှင်းလင်းနေပြီဟု မြို့နယ်စည်ပင်ပြော

မော်လမြိုင်မြို့တွင် ခွေးလေးခွေးလွင့်များကို စီမံချက်ဖြင့် ရှင်းလင်းနေပြီဟု မြို့နယ်စည်ပင်ပြော
by -
သံလွင်အေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများတွင် ခွေးလေခွေးလွင့်များကို အဆိပ်များကျွေးကာ စီမံချက်ဖြင့် ရှင်းလင်းနေပြီဖြစ်ကြောင်း မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သိန်းက ပြောသည်။

“ အဆိပ်ကျွေးနည်းနဲ့ ရှင်းလင်းနေတယ်။ အဆိပ်ကိုရန်ကုန် စည်ပင်က မှာပြီလုပ်တယ်။ စီမံချက်နဲ့ လုပ်နေတယ်။ ရပ်ကွက်တိုင်းမှာပေါ့”ဟု ဦးမြင့်သိန်းက ပြောသည်။

မော်လမြိုင်မြို့နယ် ၂၉ ရပ်ကွက်နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှာပါ ခွေးလေခွေးလွင့်များ ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်နေပြီး စက်တင်ဘာလအထိ ၃၅၄ ကောင်ကိုရှင်းလင်းခဲ့ပြီး အကောင်ရေ ၇၀၀ ကျော်ထိ ရှင်းလင်းသွားနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ခွေးလေခွေးလွင့်များ ရှင်းလင်းပေးရန် ရပ်ကွက်နေပြည်သူ များ စာတင်လာလျှင် ရှင်းလင်းပေးပြီး ခွေးလေခွေးလွင့်များ ရှင်းလင်းရေးကို လုပ်ဆောင်နေတာ ကြာပြီဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ခွေးကိုက်ခံထိတယ်။ ဆိုင်ကယ်တွေ မှောက်တယ်။ ရပ်ကွက်တွေက စာတင်လာတယ်။ ရှင်းပေးပါအုံး ခွေးတွေများနေပြီးတဲ့ အကောင် လေးငါးရာတော့ ရှိပြီး မလုပ်ချင်ပေမယ့်လည်း လုပ်ရတာပေါ့။ ညဘက်တွေမှာ အဆိပ်ချပြီး လုပ်နေတာပါ”ဟု ဦးမြင့်သိန်းက ဆက်လက်ပြောသည်။

မော်လမြိုင်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများကလည်း ခွေးလေခွေးလွင့်များ ရှင်းလင်းပေးရန် မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ကို အကူအညိတောင်းထားပြီ မော်လမြိုင်မြို့ရှိ လူမှုကယ်ရေးအဖွဲ့များကိုလည်း ခွေးလေခွေးလွင့်များအား ခွေးဂေဟာများသို့ ပို့ဆောင်ပေးရန် အကူအညီတောင်းထားသည်။

မွန်ပြည်နယ်၊ ပေါင်မြို့၊ ကဒါရပ်ကွက်၊ ဘုံကျောင်းစုပိုင်းတွင် စက်တင်ဘာ ၁၁ ရက်၊ နေ့လယ်ပိုင်းက ခွေးရူးတစ်ကောင် ကိုက်ခြင်းကြောင့် ရပ်ကွက်နေပြည်သူ ၁၅ ဦး ဒဏ်ရာရှိကာ ပေါင်မြို့နယ်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ရကြောင်း သိရသည်။

ဓာတ်ပုံ - Earthquake People's Defence Force
June 27, 2026
မကွေးတိုင်း ပခုက္ကူခရိုင်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြားတိုက်ပွဲ ဖြစ်ပွားပြီး...
ဓာတ်ပုံ-MOI
June 26, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို  မှတ်ပုံတင် ...
June 25, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရတခတိုင်းမှူးအသစ် လက်ထက်မှာ...
ဓာတ်ပုံ-MOI
June 24, 2026
မွန်ပြည်နယ်မှာ သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ဥပဒေအတိုင်း မရွေးချယ်ဘဲ...