အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ် ၂ ခုမှ ဝင်ရောက်ရာတွင် ခရီးသွားနှင့် စီးပွားရေးဗီဇာများလည်း အကျုံးဝင်

အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ် ၂ ခုမှ ဝင်ရောက်ရာတွင် ခရီးသွားနှင့် စီးပွားရေးဗီဇာများလည်း အကျုံးဝင်
တမူးမြို့နယ်စပ်ဂိတ်ဖွင့်လှစ်စဉ်။ (ဓာတ်ပုံ-အိန္ဒိယသံရုံး)
တမူးမြို့နယ်စပ်ဂိတ်ဖွင့်လှစ်စဉ်။ (ဓာတ်ပုံ-အိန္ဒိယသံရုံး)

 မြန်မာနှင့် အိန္ဒိယအကြား ပထမဆုံးသော နိုင်ငံတကာ ကုန်းလမ်းနယ်စပ်အဝင်အထွက် စစ်ဆေးရေး ဂိတ် နှစ်ခုမှတဆင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုရာတွင် ခရီးသွားဗီဇာနှင့် စီးပွားရေးဗီဇာ အမျိုးအစား များလည်း အကျုံးဝင်ကြောင်း နယူးဒေလီရှိ မြန်မာသံရုံးမှ ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်တွင် တမူး နယ်စပ်အဝင်အထွက် စစ်ဆေးရေးဂိတ် (မိုရေး၊ မဏိပူရ်) နှင့် ရိဒ်ခေါဒါရ် နယ်စပ်အဝင်အထွက်စစ်ဆေးရေးဂိတ် (ဇိုခေါသာ၊ မီဇိုရမ်)တို့ကို တရားဝင် ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်သည်။

အဆိုပါ နိုင်ငံတကာ ကုန်းလမ်း နယ်စပ်အဝင်အထွက် စစ်ဆေးရေးဂိတ်နှစ်ခုကို ဖြတ်သန်းပြီး နှစ်ဘက်စလုံးမှ ခရီးသွားလာမှုများ ပြုလုပ်နေကြရာတွင် နိုင်ငံကူးလက်မှတ်များနှင့် တရားဝင် ပြည်ဝင်ခွင့် ဗီဇာ ကိုင်ဆောင် ထားသူများအား မြန်မာနိုင်ငံထဲသို့ ဝင်ရောက်ခွင့်ပြုသွားမည် ဖြစ်သည်။

အလားတူ eVisa ကိုင်ဆောင်ထားသူများအနေဖြင့်လည်း မြန်မာ နှင့် အိန္ဒိယ နှစ်နိုင်ငံအကြား အထက်ပါ နိုင်ငံတကာ နယ်စပ် အဝင်အထွက် စစ်ဆေးရေးဂိတ်နှစ်ခုကနေတဆင့် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်ဟု နယူးဒေလီရှိ မြန်မာသံရုံးမှ စက်တင်ဘာလ ၁၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

နှစ်နိုင်ငံ ခရီးသွားများအနေဖြင့် ဗီဇာ လျှောက်ထားခြင်း လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်းများကတော့ ယခင်အတိုင်း ဖြစ်သည်ဟု သိရသည်။

နှစ်နိုင်ငံ အပြည်အပြည်ဆိုင်ရာ နယ်စပ်ထွက်ပေါက် Border Pass စနစ်နှင့် ဖြတ်သန်းသွားလာခွင့် ပြုနိုင်ရေး အတွက် မေလ ၁၀ ရက်က နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လတ်မှတ်ရေးထိုးခဲ့ပြီးနောက် နယ်စပ်ဂိတ် ၂ ခု ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...