တရုတ်ပြည်တွင် ရခိုင်အမျိုးသမီးငယ် တစ်ဦးရောင်းစားခံရခြင်းသတင်း မဟုတ်မှန်ကြောင်း ငြင်းဆို

တရုတ်ပြည်တွင် ရခိုင်အမျိုးသမီးငယ် တစ်ဦးရောင်းစားခံရခြင်းသတင်း မဟုတ်မှန်ကြောင်း ငြင်းဆို

တရုတ်ပြည်တွင် ၁၃ နှစ်အရွယ် ရခိုင်အမျိုးသမီးငယ် တစ်ဦး ရောင်းစားခံရသည်ဆိုသော သတင်းနှင့် ဗီဒီယိုဖိုင်မှာ မဟုတ်မှန်ကြောင်း ၎င်းမိန်းခလေးအမေ၏ အစ်မဖြစ်သူ မခိုင်က ငြင်းဆိုထားပါသည်။

၎င်း၏ မိန်းခလေးအမည်မှာ မဖြူဖြူစိုး ဖြစ်ပြီး အမ်းမြို့နယ် သလူမော်ကျေးရွာမှ (ဘ) ဦးဖြူချေ၊ (မိ) ဒေါ်သိန်းသိန်းချေတို့ သမီးဖြစ်ပြီး အသက် (၁၉) နှစ်ရှိပြီဟု ဒေါ်မခိုင်က နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

ယခုအခါ ရွှေလီရှိ ရခိုင်အဖွဲ့အစည်းများနှင့် ဖြေရှင်းထားပြီ ဖြစ်ပြီး များမကြာမီ မဖြူဖြူစိုးမှာ မူဆယ်ရှိ ဦးသန်းဝင်းထံသို့ ငွေလွဲရန် သွားသဖြင့် အချိန်ပိုင်းအတွင်း မဖြူဖြူစိုးနှင့် တိုက်ရိုက် စကားပြောနိုင်ရန် စီစဉ်ပေးမည်ဟု ပြောဆိုပါသည်။

မဖြူဖြူစိုးမှာ ကျောက်ဖြူမှ ရွှေလီသို့ ဝက်သုံးကောင်ရောင်း၍ လာခဲ့သူ ဖြစ်ပြီး အလုပ် လုပ်ရန်ပျင်းကြောင်း၊ တစ်လခန့်သာရှိသေးကြောင်း၊ အလုပ်ရုံတွင် စကားပြောမာပြီး လူများနှင့် မတည့်သဖြင့် ကြီးကြီးသည်သူ ဖြစ်သူ မခိုင်မှ ရိုက်ပုတ်ဆဲဆိုထားကြောင်း၊ ထိုသို့ ဖြစ်နေစဉ် ကျောက်ဖြူ စနဲမြို့ ဗြုန်းဗြဲရွာ ( ဖုန်းထဲမှ ပြောသဖြင့် ရွာနာမည် မှားနိုင်သည်) မှ တရုတ်အမျိုးသား တစ်ဦး၏ ဇနီးဖြစ်သူ ဒေါ်*** ကခေါ်ယူသွားသဖြင့် စကားများရာမှ ၎င်းအမျိုးသမီးမှ အမျိုးမျိုး လုပ်ကြံပြီး ဖေ့စ်ဘုတ်၊ ဝီချက်တို့မှ မဟုတ်မမှန် တင်လိုက်ခြင်းသာ ဖြစ်ကြောင်း၊ ထိုသို့ တင်သည်ကိုလည်း သူမတို့အနေဖြင့် မသိရှိကြောင်း၊ ယနေ့မှ သိရှိရ၍ များစွာ အရှက်ရကြောင်း၊ မဖြူဖြူစိုးမှာ သူမတို့နှင့် အတူနေထိုင်လျက်ရှိကြောင်း၊ ယခုအခါ ရွှေလီရှိ ရခိုင်အဖွဲ့အစည်းများနှင့်လည်း ဖြေရှင်းထားပြီ ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ များမကြာမီ မဖြူဖြူစိုးနှင့် တိုက်ရိုက်စကားပြောရန် စီစဉ်နေပြီး ရရှီပါက နိရဥ္စရာ သတင်းဌာနမှ ဆက်လက် တင်ပြပေးပါမည်။

September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...