ကချင်ဆန္ဒပြ ခေါင်းဆောင် ၃ ဦး ကို မြို့နယ် တရားရုံးတွင် စစ်ဆေး

ကချင်ဆန္ဒပြ ခေါင်းဆောင် ၃ ဦး ကို မြို့နယ် တရားရုံးတွင် စစ်ဆေး

တပ်မတော် အသရေ ဖျက်မှုဖြင့် တရားစွဲဆိုခံထားရသော ဆန္ဒပြ ကချင်လူငယ်ခေါင်းဆောင် (၃)ဦး ကို မြို့နယ်တရားရုံးမှာ ယမန်နေ့ (စက်တင်ဘာ ၆ ရက်နေ့) စစ်ဆေးခဲ့ပါသည်။

တရားစွဲဆိုခံရသော ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ် နှင့် ဒေါ်နန်ပူတို့ (၃)ဦးသည် တိုက်ပွဲကြောင့် ပိတ်မိပြည်သူများ လွတ်မြောက်လာနိုင်ရန် ဆန္ဒပြ သတင်စာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာတွင် တပ်မတော်ကို အသရေပျက်အောင် ပြောဆိုခဲ့ခြင်းကြောင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခမှ ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦး တရားလို ပြုလုပ်ကာ ပုဒ်မ ၅ဝဝဖြင့် စွတ်စွဲခဲ့သည်ဟု သိရသည်။

မေလ (၁)ရက်နေ့ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲသည် တပ်မတော်ကို အသေရေပျက်လိုသော ရည်ရွယ်ချက်မဟုတ်ဘဲ တိုက်ပွဲကြား ပိတ်မိနေသော ပြည်သူများ လွတ်မြောက်ရန်အတွက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု တရားခံ ဒေါ်နန်ပူက ပြောဆိုခဲ့ပါသည်။

ယမန်နေ့ စွတ်စွဲခံထားရသူ (၃)ဦး အား စစ်ဆေးရာတွင် တရားလို ဒု ဗိုလ်မှူးကြီး မျိုးမင်းဦး ကိုယ်တိုင် တရားရုံးတွင် အစအဆုံး လာရောက် ပါဝင်ခဲ့သည်ကို တွေ့ရပါသည်။

ရုံးချိန်းကို စက်တင်ဘာ (၁၀)ရက် တနလာင်္နေ့တွင် ပြန်လည် ချိန်းဆိုထားပြီး ထိုနေ့တွင် ဦးလွမ်းဇောင်း၏ သက်သေ (၅)ဦး ကို စတင်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...
June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...
June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...
June 24, 2026
ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု...