ရှမ်း/တောင်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်ထောက်ပံ့ရေး အစီအစဉ်ရေးဆွဲနေသေး

ရှမ်း/တောင်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်ထောက်ပံ့ရေး အစီအစဉ်ရေးဆွဲနေသေး
by -
မူဂျာမီလှိုင်

ကယားပြည်နယ်ရှိ ဝေးလံခေါင်ဖျားသည့် ဒေသများကို ဦးစားပေးပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် (၂)နှစ်အောက်ကလေးငယ်များကို ၂၀၁၈-၁၉ဘဏ္ဍာနှစ်တွင် နိုင်ငံတော်မှ ထောက််ပံ့ပေးမည့်အစီအစဉ် တစ်ခုရှိသည်။ သို့သော် ရှမ်း/တောင်ဒေသဘက်တွင် လက်ရှိတွင် အစဉ်အစဉ်များကို ရေးဆွဲနေသေးကြောင်း သိရသည်။

“ကယန်းဒေသမျိုးတော့့မရှိဘူး ဒါပေမဲ့ ဖယ်ခုံမြို့နယ်မှာတော့ သီးသန့်ထောက်ပံ့ပေးမှု အစီအစဉ်တွေတော့ ဆွဲနေတယ်”ဟု ကယန်းဝန်ကြီးခွန်းအေးမောင်က ပြောသည်။

မည်သည့်အချိန်တွင် စတင်ထောက်ပံ့ပေးမည်ကို အတိအကျမသိရှိသေးသော်လည်း ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေး ကျင်းပပြီး အစိုးရနှင့် လွှတ်တော်နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆွေးနွေးပြီးမှသာလျှင် သိရှိရမည်ဖြစ််ကြောင်း ဝန်ကြီးခွန်းအေးမောင်က ဆက်ပြောသည်။

ဖယ်ခုံမြို့နယ် ပြည်သူ့ဆေးရုံတွင် လာရောက်ဆေးကုသမှုခံယူနေသည့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးက ကိုယ်ဝန်ဆောင်မိခင်များကို ထောက်ပံ့မှုပေးမပေးကို မသိသော်လည်း ရံဖန်ရံခါအသုံးအဆောင်များကို ပေးအပ်ဖူးကြောင်း သိရသည်။

“ဆေးရုံတက်တဲ့အချိန်ဆို ခြင်ထောင်တော့ထောက်ပံ့ပေးတယ် ဒါပေမဲ့ အလှူငွေတော့ ပြန်ထည့်ပေးရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖယ်ခုံမြို့ဆေးရုံသည် ကုန်းထိပ်တွင် တည်ရှိနေပြီး လူနာများအတွက် သွားလာရအနည်းငယ် အခက်အခဲရှိသော်လည်း ဆရာဝန်များလုံလောက်စွာ ရှိနေသည့်အတွက် အဆင်ပြေကြောင်း ဗိုက်ခွဲမွေးခဲ့သူ ဒေါ်ဟယ်လင်ကပြောပါသည်။

”ဗိုက်ခွဲပြီးအချိန်မှာပေါ့ ကိုယ့်ဆွေမျိုးကိုခေါ်ပြီး ထမ်းခိုင်းရတယ် လူနာထမ်းတွေလဲမရှိဘူး တွန်းလှည်းလဲမရဘူး ဖယ်ခုံဆေးရုံရဲ့ ခွဲစိတ်ခန်းက ထိပ်မှာလေ” ဟု သူမ၏အတွေ့အကြုံကို ပြောပြသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် (၂)နှစ်အောက် ကလေးငယ်များကို ယခုနှစ် အောက်တိုဘာလမှစတင်ကာ လူမှုဝန်ထမ်းအဖွဲ့မှ ၃ လ တစ်ကြိမ် ကိုယ်ဝန်ဆောင်မိခင်များကိုု ၁၅ဝဝဝကျပ်နှင့် (၂)နှစ်အောက် ကလေးသူငယ်များကို ၆၀၀၀ ကျပ် ထောက်ပံံ့ပေးအပ်သွားမည် ဖြစ်ကြောင်းသိရသည်။

အချို့ကလေးငယ်များသည် အဟာရမပြည့်ဝသည့်အတွက် ကျန်းမာသန်စွမ်းသော ကလေးသူငယ်များမဖြစ်လာနိုင်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များမှာလည်း အဟာရကို ပြည့်မီစွာ မစားသောက်ကြသည့်အတွက် ၎င်းတို့မှ မွေးဖွားလာသည့် ကလေးငယ်များမှာ ကျန်းမာသန်စွမ်းမှု နည်းပါးနေသည့်အတွက် ငွေကြေးထောက်ပံ့မှုအစီအစဉ်ကို လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။

ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...