ရိုက်တာသတင်းထောက်များအပေါ် ချမှတ်သည့် ထောင်ဒဏ်ကို သုံးသပ်သင့်ပြီး ချက်ချင်းလွှတ်ရန် EU တောင်းဆို

ရိုက်တာသတင်းထောက်များအပေါ် ချမှတ်သည့် ထောင်ဒဏ်ကို သုံးသပ်သင့်ပြီး ချက်ချင်းလွှတ်ရန် EU တောင်းဆို
(ဓာတ်ပုံ - Ye Aung THU / AFP)
(ဓာတ်ပုံ - Ye Aung THU / AFP)

ရိုက်တာသတင်းထောက်များ ဖြစ်ကြသည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးအပေါ် တရားရုံးမှ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်သည့် စီရင်ချက်အပေါ် ပြန်လည်သုံးသပ်ပြီး သတင်းသမားနှစ်ဦးကို ချက်ချင်း ခြွင်းချက်မရှိ လွှတ်သင့်ကြောင်း ဥရောပသမဂ္ဂ( EU) မှ ထုတ်ပြန်လိုက်သည်။

ထိုသို့ စီရင်ချက်ချမှုသည် သတင်းမီဒီယာလွတ်လပ်ခွင့် ၊  အများပြည်သူ၏ သတင်းအချက်အလက် သိရှိပိုင်ခွင့် နင့် မြန်မာနိင်ငံတွင်း တရားဥပဒေစိုးမိုးရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို မှေးမှိန် လျော့ကျစေခဲ့သည် ဟု EU ၏ စက်တင်ဘာလ ၃ ရက် ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ပဋိပက္ခဖြစ်ပွားရာ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ သတင်းများ ရယူခဲ့ရာတွင် ၁၉၂၃ ခုနှစ် ၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေဖြင့် အရေးယူခဲ့ခြင်းသည် အကျိုးကြောင်း မဆီလျော်ကြောင်း ဖော်ပြထားသည်။

သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် ပွင့်လင်းမြင်သာသည့် သတင်းစာပညာတို့သည် ဒီမိုကရေစီ၏ မရှိမဖြစ် မဏ္ဍိုင်များဖြစ်ကြောင်း၊ လွတ်လပ်သည့်မီဒီယာသည် ပွင့်လင်းမြင်သာမှုကို မြှင့်တင်ပေးပြီး ဒီမိုကရက်တစ် အစိုးရကို တာဝန်မှု ၊ တာဝန်ခံမှုကို ရှိစေသည့် အဓိက သော့ချက်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

သတင်းထောက်နှစ်ဦးကို စတင်ထိန်းသိမ်းသည့် ဒီဇင်ဘာလ ၁၂ ရက် ၊ ၂၀၁၇ ခုနှစ်မှ စတင်၍ ကြားနာစစ်ဆေးမှုတိုင်းတွင် တက်ရောက်ခဲ့ကြသည့်  နိုင်ငံတကာမှလေ့လာသူများတွင် ဥရောပသမဂ္ဂနှင့်  အီးယူ အဖွဲ့ဝင်နိုင်ငံများမှ သံတမန်များ  ပါဝင်ခဲ့ကြပြီး ယင်းကိစ္စနှင့် စပ်လျဉ်းပြီး မြန်မာအစိုးရနှင့် စဉ်ဆက်မပြတ် ဆွေးနွေးခဲ့ကြပါသည်ဟု ပါရှိသည်။

သတင်းထောက်များအတွက် မိမိတို့၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန် ပြည့်စုံလုံလောက်သည့် အနေအထားများရရှိစေရေးအတွက် EU မှ ပြောဆိုလိုက်သည်။

EU အပြင် အမေရိကန်၊ ဒိန်းမတ်၊ နယ်သာလန်တို့မှလည်း ရိုက်တာသတင်းထောက် ၂ ယောက် ထောင်ဒဏ် အပေါ် ကြေညာချက်အသီးသီး ထုတ်ပြန်ထားသည်။

 

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...