ဖမ်းဆီးထားသည့် အမျိုးသမီးကို ရာဇသတ်ကြီး ဥပဒေဖြင့် အရေးယူမည်ဟု TNLA ဆို

ဖမ်းဆီးထားသည့် အမျိုးသမီးကို ရာဇသတ်ကြီး ဥပဒေဖြင့် အရေးယူမည်ဟု TNLA ဆို
by -
ဇေယျာမော်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့ရှိ နန်းမိုဟွမ် ဆိုသည့် အမျိုးသမီးကို ဖမ်းဆီးထားပြီး ယင်းအမျိုးသမီးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၃ ဖြင့် အရေးယူဆောင်ရွက်သွားမည်ဟု တအာင်းလက်နက်ကိုင်အဖွဲ့ TNLA က စက်တင်ဘာ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါအမျိုးသမီးသည် TNLA အကောက်ခွန်ဝန်ထမ်းများ လုပ်ငန်းတာဝန်ထမ်းဆောင်နေစဉ် ဝန်ထမ်းများအား အပြင်းအထန် ထိခိုက်သေဆုံးသည်အထိ တာဝန်ဝတ္တရားနှောင့်ယှက်ခဲ့သောကြောင့် TNLA ဥပဒေအရ အများပြည်သူရှေ့တွင် အပြစ်ပေးအရေးယူဆောင်ရွက်မည်ဟု ဖော်ပြထားသည်။

ယင်းအတွက်ကြောင့် နန်းမိုဟွမ်ကို TNLA ဗဟိုတရားရုံးမှ စတင်စစ်ဆေးသွားမည်ဖြစ်ပြီး စီရင်ချက် ချမည့် နေ့တွင် နန်းမိုဟွမ်၏ ဆွေမျိုးသားချင်းများနှင့် အများပြည်သူရှေ့တွင် ဆုံးဖြတ်စီရင်ချက်ချမှတ်သွားရန် စီစဉ် ပေးသွားမည်ဟု TNLA  ဘက်က သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်နှစ် အတွင်းပိုင်း၌ နန်းမိုဟွမ်၏ နေအိမ်သို့ TNLA အဖွဲ့မှ ဆက်ကြေးလာတောင်းပြီး ပြန်အထွက်တွင် တပ်မတော်နှင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကာ TNLA တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး တစ်ဦးအဖမ်း ခံခဲ့ ရသည်။ ယင်းကိစ္စတွင် နန်းမိုဟွမ်မှ သတင်းပေးခဲ့ခြင်းကြောင့် ဖြစ်သည်ဟု TNLA ဘက်က စွပ်စွဲပြောဆို ထားသည်။ထို့အပြင် နန်းမိုဟွမ်ကို TNLA အဖွဲ့က သြဂုတ်  ၁၇ ရက်တွင် ၎င်း၏ နေအိမ်၌ လာရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

TNLA ၏ မဟာမိတ်အဖွဲ့ဖြစ်သော ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တာဝန်ရှိသူများမှ TNLA ခေါင်းဆောင် များကို ပြီးခဲ့သည့် သြဂုတ် ၂၄ ရက်တွင် သွားရောက်တွေ့ဆုံပြီး အမြန်ဆုံးလွှတ်ပေးနိုင်ရန် တောင်းဆိုထား သည်။

နန်းမိုဟွမ် အဖမ်းခံရခြင်းကြောင့် ဖော်ဆောင်နေဆဲဖြစ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်မှုများ ရှိလာနိုင်ပြီး ရှမ်းနှင့် တအာင်းပလောင်လူမျိုးစုများအကြား ပဋိပက္ခများ ဖြစ်လာမည်ကို စိုးရိမ်ကြောင်း နမ့်ခမ်းဒေသခံလူငယ်များကွန်ရက်က သတင်းထုတ်ပြန်ထားသည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...