စစ်တွေတက္ကသိုလ်သို့ ပြေးဆွဲနေသည့်ယာဉ်လိုင်း ရပ်နား

စစ်တွေတက္ကသိုလ်သို့ ပြေးဆွဲနေသည့်ယာဉ်လိုင်း ရပ်နား
by -
မာန်ယုကျော် (ရွှေဝမြေ)

စစ်တွေမြို့တွင်းမှ စစ်တွေတက္ကသိုလ်သို့ပြေးဆွဲနေသည့် ရိုးမသဇင် ယာဉ်လိုင်းကို သြဂုတ်လ ၂၉ ရက်နေ့မှစတင် ရပ်နားထားကြောင်း ကားသမားများထံမှ သိရသည်။

ယာဉ်လိုင်းကို ရပ်နားထားလိုက်ရခြင်းမှာ မင်းဂံ ရပ်ကွက်ဘက်မှ သုံးဘီးဆိုင်ကယ်များ ကြားဝင် ပြေးဆွဲနေမှုကြောင့် တွက်ခြေမကိုက်ရာမှ ရပ်နားလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

" စစ်တွေတက္ကသိုလ်ကို ရိုးမသဇင်ယာဉ်လိုင်းက တာဝန်ယူပြေးဆွဲနေတာ ဖြစ်ပါတယ်။ အခုက မင်းဂံ ရပ်ကွက်ဘက်ကနေ ကြားသုံးဘီးကားတွေ ဝင်ဆွဲနေတဲ့ အတွက်ကြောင့် တွက်ခြေမကိုက် အရှုံးပေါ်လာတယ်။ ဒါကြောင့် ရပ်နားလိုက်ရတာ ဖြစ်ပါတယ်။ ဒီလိုကြားဝင်ပြေးဆွဲနေတာကို သက်ဆိုင်ရာက ဟန့်တားပေးဖို့လိုပါတယ်” ဟု ကားသမား ဦးကိုလတ်က နိရ ဉ္စရာကို ပြောသည်။

၎င်းကြားသုံးဘီးများ ဝင်ရောက်ပြေးဆွဲမှုကို အချိန်ပိုင်း ပိတ်ပေးရန် လိုအပ်ကြောင်း၊ နံနက် ၉ နာရီကနေ ၃ နာရီခွဲလောက် အထိ ပိတ်ပေးရန် လွန်ခဲ့သည့်လက ပြည်နယ် အစိုးရကို တောင်းဆို ထားကြောင်း၊ သို့သော် တစ်စုံတစ်ရာ အစိုးရမှ ကြားဝင် ဖြေရှင်း ပေးခြင်း မရှိကြောင်း သူက ပြောကြားသည်။

ရပ်နားလိုက်သည့်အဆိုပါယာဉ်လိုင်းသည် ကျောင်းသားတစ်ဦးလျှင် အသွားအပြန် ကျပ် ၆ဝဝ ဖြင့်ပြေးဆွဲနေခြင်းဖြစ်ပြီး စစ်တွေတက္ကသိုလ်ရှိ ကျောင်းသူ၊ ကျောင်းသား ၃ ထောင်ကျော် အသုံး ပြုနေသည့်ယာဉ်လိုင်းဖြစ်ကြောင်း သိရသည်။

"ကားတွေမဆွဲတော့ဘူးဆိုရင်တော့ ကားနဲ့သွားတဲ့ကျောင်းသားတွေကတော့ အခက်အခဲရှိမယ်။ တကယ်လို့ အဆင်မပြေဘူးဆိုရင်တော့ ကျနော်တို့လည်း အစိုးရကို တစ်ခုခု အကူအညီ သွားတောင်း ရမယ်ထင်ပါတယ်။ "ဟု စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေး တာဝန်ခံ ကိုငြိမ်းစိုးက နိရ ဉ္စရာကို ပြောသည်။

ရပ်နားလိုက်သည့် ယာဉ်လိုင်းတွင် ယာဉ်စီးရေပေါင်း ရဝ ကျော်ရှိပြီး ယင်းယာဉ်လိုင်းကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းလက်ထက်က သုံးဘီးဆိုင်ကယ်များ နေရာတွင် Hijet ဟိုက်ဂျက် ယာဉ်များဖြင့် အစားထိုးပြေးဆွဲခိုင်းထားသည့် ယာဉ်လိုင်းဖြစ်သည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...