ဒေါက်တာအေးမောင်နှင့် ကိုဝေဟင်အောင်တို့အား စွဲချက်တင်သင့်/မတင်သင့် စက်တင်ဘာ ၁ဝ ရက်နေ့ အမိန့်ချမည်

ဒေါက်တာအေးမောင်နှင့် ကိုဝေဟင်အောင်တို့အား စွဲချက်တင်သင့်/မတင်သင့် စက်တင်ဘာ ၁ဝ ရက်နေ့ အမိန့်ချမည်
by -
မာန်ယုကျော် (ရွှေဝမြေ)
သြဂုတ်လ ၂၇ ရက်နေ့ရုံးချိန်းတွင် ဒေါက်တာအေးမောင်အားတွေ့ရစဉ်။
သြဂုတ်လ ၂၇ ရက်နေ့ရုံးချိန်းတွင် ဒေါက်တာအေးမောင်အားတွေ့ရစဉ်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့အား စွဲချက်တင်သင့်/မတင်သင့် လာမည့် စက်တင်ဘာ ၁ဝ ရက်နေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း ရှေ့နေများက ပြောသည်။

"အမိန့်ချဖို့ဟာကို စက်တင်ဘာ ၁ဝ ရက်နေ့ကို ချိန်းတယ်။ အဲဒီမှာ တရားသူကြီးက စွဲချက်တင်သင့်/ မတင်သင့်ပေါ့။ တရားသူကြီးအမိန့်က စွဲချက်မတင်သင့်ဘူးဆိုပြီးတော့ ကျနော်တို့ဘက်က လျှောက်လဲ တင်ပြတာကို လက်ခံရင် စွဲချက်မတင်ဘဲ လွတ်နိုင်တယ်။"ဟု ဒေါက်တာအေးမောင်၏ ရှေ့နေ ဦးအောင်ကျော်စိန်က ပြောသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့အား သြဂုတ်လ ၂၇ ရက်နေ့တွင် စစ်တွေ ခရိုင်တရားရုံး၌ ရုံးထုတ်အပြီး မီဒီယာများကိုပြောခဲ့ခြင်းဖြစ်သည်။

ရသေ့တောင်စာပေဟောပြောပွဲတွင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် တို့ဟောပြောခဲ့မှုမှာ ဥပဒေအရ ငြိစွမ်းမှုမရှိသည့်အတွက် သူတို့နှစ်ဦးအား စွဲချက် မတင်သင့်ကြောင်းကိုလည်း ရှေ့နေများက သြဂုတ် ၂၇ ရက်နေ့က ရုံးထုတ်စဉ် တရားရုံးတွင် လျှောက်လဲချက်ပေးခဲ့သည်ဟုလည်း ဆိုသည်။

"ကျနော်တို့ကတော့ ၉ လပိုင်း ၁ဝ ရက်နေ့မှာ စွဲချက်မတင်ဘဲ ကျနော်တို့ကို လွတ်မယ်လို့ ကျနော်ယုံတယ်။ တရားရေးမဏ္ဍိုင်ကို ယုံလို့ ကျနော်ပြောတာ။"ဟု ဒေါက်တာအေးမောင်က ပြောသည်။

အမ်းမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့သည် ရသေ့တောင်မြို့တွင် ဇန်နဝါရီလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သော ရခိုင့် အချုပ်အခြာအာဏာကျဆုံးခြင်း ဝမ်းနည်းအောက်မေ့ဖွယ်နေ့အထိမ်းအမှတ် စာပေ ဟောပြောပွဲတွင် နိုင်ငံတော်ကို အကြည်အညို ပျက်စေသည့်စကားများကို သုံးနှုန်း ခဲ့သည်ဟု ဆိုကာ ရခိုင်ပြည်နယ်အစိုးရက နိုင်ငံတော် ပုန်ကန်မှု အပါအဝင် ပုဒ်မ ၃ ခုဖြင့် တရားစွဲထားခြင်းဖြစ်သည်။

September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...