သံတွဲမြို့တွင် နိုင်ငံတော်ဘာသာနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

သံတွဲမြို့တွင် နိုင်ငံတော်ဘာသာနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ
(Photo/Facebook)
(Photo/Facebook)

ရခိုင်ပြည်နယ် သံတွဲမြို့တွင် (၅၇) ကြိမ်မြောက် နိုင်ငံတော်ဘာသာနေ့ အခမ်းအနားကို ယမန်နေ့ ၀ါခေါင်လပြည့် မေတ္တာ အခါတော်နေ့၌ အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။

သံတွဲ သိမ်ကုန်းဆရာတော်က “ ဦးဇင်းတို့ရဲ့ ဗုဒ္ဓဘာသာအများစု နေထိုင်တဲ့ နိုင်ငံမှာ ၂၆-၈လ- ၁၉၆၁ ခုနှစ်မှာ သမ္မတကြီး ဦဝင်းမောင်က နေပြီးတော့ ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံ၏ နိုင်ငံတော်ဘာသာဖြစ်သည်လို့ အတည်ပြု လက်မှတ်ရေးထိုးတဲ့နေ့ကို ဦးဇင်းတို့က ကြိုဆိုသော အားဖြင့် မေတ္တာအခါတော်နဲ့ တိုက်ဆိုင်တဲ့ အတွက် အခုလို အကြီးအကျယ် ကျင်းပရတာ ဖြစ်ပါတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

အခမ်းအနားသို့ သံဃာတော် ၅၀၀ နီးပါးခန့်တက်ရောက်ခဲ့ပြီး သံဃာတော်များက မေတ္တာ အခါတော်နေ့ဖြစ်သည့် အားလျော်စွာ မေတ္တာသုတ်ရွတ်ဖတ်ခြင်း၊ သာသနာ အလံတော်များကို စီရီစိုက်ထူခြင်း၊ ရခိုင်စည်တော်တီးခတ်ပြီး သာသနာအလံတော်တင် အခမ်းအနား ကျင်းပခြင်း တို့ကို အထူး စည်ကား သိုက်မြိုက်စွာ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

“ မွန်းလွဲ ၂ နာရီကစပြီး မြို့ပတ်ပြီး ဆွမ်းဆန်လောင်းလှူပွဲကို ကြွတာပေါ့နော်။ လူပေါင်း လူလိူင်းကြီးလို ဖြစ်နေတယ်။ သိန်းနဲ့ချီပြီး ရှိလိမ့်မယ်လို့ ထင်ပါတယ်။ ဦးဇင်းတို့က သီရိမင်္ဂလာ လေးမျက်နာကုန်းမှ စုဆုံပြီး မြို့ကို ပတ်ကာ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ကြွကြတာပေါ့။ ရွှေဆံတော်၊ ရတနာလမ်း အားလုံးရောက်ပါတယ်။ လေးမျက်နာကုန်းမှာ ပြန်ဆုံပြီးတော့ ၅ နာရီခွဲမှာ အခမ်းအနား ပြီးဆုံးပါတယ် ” ဟု သိမ်ကုန်းဆရာတော်က မိန့်ကြားသည်။

ဆွမ်းဆန်စိန်လောင်းလှူပွဲမှာ လမ်းဘေး ဝဲယာ တစ်ဘက်တစ်ချက်မှ ဆွမ်းစိမ်းလောင်းသူများဖြင့် အထူးစည်ကားခဲ့ပြီး ရခိုင်စည်တော်တီးခတ်သံများကြောင့် ပွဲတော်မှာ အများပြည်သူများ၏ စိတ်ဝင်စားမှုကို ထူးကဲစွာရရှိခဲ့သည်ဟုလည်း ဒေသခံ တစ်ဦးက ပြောကြားသည်။

၎င်းပြင် သိမ်ကုန်းဆရာတော်က “ဦးဇင်းတို့ ဘာသာဝင်အများစုနေထိုင်တဲ့ နိုင်ငံမှာ ဒီနေ့ဟာ နိုင်ငံတော် ဗုဒ္ဓဘာသာ နေ့ ဖြစ်တယ်ဆိုတာ မျိုးဆက်သစ်များကို လက်ဆင့်ကမ်းချင်လို့လည်း ဒီနေ့ကို ကျင်းပရတာလည်း ပါဝင်ပါတယ်”ဟု ထပ်ဆင့် မိန့်ကြားသည်။

အခမ်းအနားတွင် ကြွရောက်လာကြသည့် ရပ်နီးရပ်ဝေးမှ ဒေသခံပြည်သူများအား စင်တော်ကောက် စက်သုံးဆီ မိသားစုမှ မုန့်တီပိသာ ၁၂၀၀ ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပြီး TNP အအေးခန်းမိသားစုမှလည်း အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကျပ် သိန်း ၅၀ ထည့်ဝင် လှူဒါန်းခဲ့သည်ဟု သိရသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...