မာန်အောင်စမုံတဲလေယာဉ်ကွင်း တိုးချဲ့မြေယာလျော်ကြေးကို ကာလပေါက်စျေးအတိုင်းပေးရန်အစီအစဉ်မရှိဟု ဝန်ကြီး ဦးကျော်လွင်ပြောကြား

မာန်အောင်စမုံတဲလေယာဉ်ကွင်း တိုးချဲ့မြေယာလျော်ကြေးကို ကာလပေါက်စျေးအတိုင်းပေးရန်အစီအစဉ်မရှိဟု ဝန်ကြီး ဦးကျော်လွင်ပြောကြား
by -
စံမောင်သန်း
ဓာတ်ပုံ- လွှတ်တော်တွင် ရှင်းလင်းပြောကြားနေသည့် ဝန်ကြီးဦးကျော်လွှင်
ဓာတ်ပုံ- လွှတ်တော်တွင် ရှင်းလင်းပြောကြားနေသည့် ဝန်ကြီးဦးကျော်လွှင်

ရခိုင်ပြည်နယ် မာန်အောင်မြို့ စမုံတဲလေယာဉ်ကွင်း တိုးချဲ့ဆောက်လုပ်ရာတွင် ပါဝင်သွားသည့် ဦးသာနီနှင့် ဦးဖြူသီးခိုင် မိသားစုပိုင် မြေယာများအတွက် လျော်ကြေးကို ကာလပေါက်စျေးအတိုင်း ပေးရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင် အစီအစဉ် မရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က ပြောကြားသွားသည်။

သြဂုတ်လ ၂၁ ရက်နေ့တွင် ပြုလုပ်သော ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး ပထမနေ့တွင် မာန်အောင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းမောင်၏ မွေးခွန်း မေးမြန်းမှု အပေါ်တွင် ဝန်ကြီးက ထိုသို့ ဖြေကြား သွားခြင်း ဖြစ်သည်။

“အခု လေယာဉ်ကွင်းတည်ဆောက်ရာမှာ မြေယာပါသွားတဲ့ လူတွေကို တစ်ဧကကို ၂၅ သိန်း ကျပ်နှုန်းနဲ့ လျော်ကြေးပေးတယ်ဆိုတာ ပြည်နယ်အစိုးရအနေနဲ့ ရခိုင်ပြည်နယ် တစ်ခုလုံးမှာ သတ်မှတ်ထားတဲ့ လယ်တစ်ဧကကို ၂၅ သိန်းကျပ်နှုန်းနဲ့ပဲ ပြည်နယ်ဘတ်ဂျက် ဘောင် အတွင်းကပဲ ပေးခဲ့တာဖြစ်ပါတယ်” ပြည်နယ်ဝန်ကြီး ဦးကျော်လွင်က ဖြေကြားသွားသည်။

မာန်အောင်မြို့ စမုတဲ လယ်ယာဉ်ကွင်းတိုးချဲ့ရာတွင် မြေပါသွားသူ ၃၂ ဦးရှိသည့်အနက် ၃၀ ဦးမှ အစိုးရသတ်မှတ်ပေးသည့်လျော်ကြေးအတိုင်း လက်ခံခဲ့ကြပြီး၊ ဦးသာနီနှင့် ဦးဖြူသီးခိုင် တို့မှာ လျော်ကြေးကို လက်မခံသည့်အတွက် တရားစွဲဆိုခံခဲ့ရပြီး ၂၀၁၈ ခုနှစ် မတ်လ ၂၁ နေ့တွင် မာန်အောင်မြို့နယ်တရားရုံးမှ လယ်ကွင်းပေါ် အိမ်ဆောက်သည့် ပုဒ်မ (၃၅)ဖြင့် ထောင် (၇) လ ချမှတ်ခဲ့သည်။

“လျော်ကြေးပေးတဲ့အခါ ကာလပေါက်စျေးနဲ့ အလွန်အကျွံ ကွာခြားနေပါတယ်။ ကွာခြား နေပေမယ့် အစိုးရရဲ့ အာဏာပါ၀ါကို သုံးပြီးပေးတဲ့ အခါ မယူလိုက်လို့ရှိရင် ဆုံးရှုံးသွားမှာ ကြောက်တဲ့ လူရယ်၊ အရေးယူခံရမှာကို ကြောက်တဲ့လူရယ်၊ နည်းအမျိုးမျိုးနဲ့ ပြသနာ လုပ်နိုင်တော့ လူတွေက မရှိတင်ကဲ မယူချင်ဘဲ ယူလိုက်ရတဲ့ အနေအထားတွေပါ”ဟု မြေယာလျော်ကြေး လက်ခံ ခဲ့ကြသူများနှင့် ပတ်သက်၍ မာန်အောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းမောင်က ထောက်ပြသွားခဲ့သည်။

ယခု မြေယာကို ကာလပေါက်စျေးအတိုင်း လျော်ကြေးတောင်းနေသူ နှစ်ဦး၏ မြေများသည် လယ်မြေ မဟုတ်ဘဲ ဘိုးဘွားပိုင် ဥယျာဉ်ခြံမြေ ဖြစ်ပြီး လက်ရှိတွင် မြေးစျေး အလွန်မြင့်တက် နေသည့် အတွက် ပြည်နယ်အစိုးရအနေဖြင့် လယ်ယာစျေးထက် ပိုပေးသင့်သည်ဟု မာန်အောင် မြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ထောက်ပြ ပြောဆိုသွားသည်။

ယင်းသို့ ထောက်ပြပြောဆိုမှုကို ဝန်ကြီး ဦးကျော်လွင်မှ ပြန်လည်ရှင်းလင်းရာတွင် ရခိုင်ပြည်နယ် အစိုးရအနေဖြင့် ဥယျာဉ်ခြံမြေအတွက် စျေးကို လက်ရှိတွင် တရားဝင် သတ်မှတ်ထားချက် မရှိကြောင်း၊ သတ်မှတ်ပါကလည်း လယ်မြေထက် စျေးနှုန်းလျော့နည်းမည်ဖြစ်ကြောင်း ပြောကြား သွားသည်။

September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...