မောင်တော သင်္ဘောကွေ့ရခိုင်ရွာကို တည်ထောင်၍ ဖမ်းဆီးခံထားရသူ လင်မယား နှစ်ဦးကို ရုံးထုတ်

မောင်တော သင်္ဘောကွေ့ရခိုင်ရွာကို တည်ထောင်၍ ဖမ်းဆီးခံထားရသူ လင်မယား နှစ်ဦးကို ရုံးထုတ်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွေ့ ရခိုင်ရွာကို ဦးဆောင် ပြန်လည် ထူထောင်၍ ဖမ်းဆီးခံထားရသူ ဦးထွန်းမြင့်တို့ ဇနီးမောင်နှံနှစ်ဦးအား ယနေ့ မောင်တောမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သည်ဟု သတင်းရရှိသည်။

ယနေ့ (သြဂုတ်လ ၂၁) တွင် တရားလို ဖြစ်သူကို စစ်ဆေးခဲ့ရကြောင်း သူတို့ အမှုကို လိုက်ပါ ဆောင်ရွက်နေသူ တရားလွှတ်တော် ရှေ့နေ ဦးခင်ဝင်းက ပြောဆိုသည်။

“ တရားလိုက မယက ဒုဦးစီး ဦးဖြုလှကို စစ်ဖြစ်ပါတယ်။ အမှုကို စစ်ဆေးတဲ့အခါ သူတို့က ဦးထွန်းမြင့်တို့ ပြောဆိုတဲ့ CD တွေကို စစ်ဆေးပါတယ်။ တရားလိုက CD ခွေအတိုင်း စွဲဆိုတာ ဖြစ်တယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၅၄ (က) အရ လွတ်လွတ်လပ်လပ် ပြောဆိုပိုင်ခွင့်ရှိတဲ့ ပြောဆိုတဲ့ CD တွေကို အမှုတွဲကို သက်သေခံ တင်ထားမလားလို့ တရားလိုကို ကျွန်တော်က မေးတော့ ဟုတ်ပါတယ်လို့ ဖြေတယ်။ လူတစ်ယောက်ရဲ့ လွတ်လပ်စွာပြောဆိုတာကို သူတို့ က ကိုယ်တို့လိုရာ ဆွဲပြီး စွဲတဲ့ သဘောမျိုး ဖြစ်နေပါတယ် ” ဟု သူက ပြောသည်။

သူတို့ အနေဖြင့် ၅၀၅(ခ) အရ တစ်ခြား တစ်ခြား လူမျိုးထိတ်လန့်အောင် ပြောဆိုခြင်းလည်း မရှိကြောင်း၊ သူတို့ကို မြို့နယ် သက်ဆိုင်ရာ အာဏာပိုင်များက ထုတ်ပြန်သော အမိန့်ကို မလိုက်နာပါက ပုဒ်မ ၁၈၈ ဖြင့်သာ တရားစွဲဆိုရမည် ဖြစ်ကြောင်း၊ ကျူးကျော်လိုတဲ့ လူတွေကို နှင်လို၍ အမိန့်ကို မလိုက်နာဆိုပါက ပုဒ်မ ၁၈၈ ဖြင့်သာ စွဲဆိုရမည် ဖြစ်ပြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲဆိုခြင်းမှာ လွဲမှားနေကြောင်း ဦးခင်ဝင်းက ထောက်ပြပြောဆိုသည်။

ဦးထွန်းမြင့်နှင့် ဇနီးဖြစ်သူ ဒေါ်ဥမ္မာကျော်တို့ကို အမိန့်ကို မလိုက်နာ၍ တရားစွဲဆိုခြင်း မဟုတ်ဘဲ နိုင်ငံတော် အကြီးအကဲများကို ပုတ်ခတ်ပြောဆိုသည်ဟု ဆိုကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲ အမှုဖွင့်ထားခြင်း ဖြစ်ကြောင်း သိရသည်။

သူတို့ တည်ထောင်ခဲ့သည် သင်္ဘောကွေ့ရွာကိုလည်း ဇူလိုင်လ ၉ ရက်နေ့က မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာ၏ ညွှန်ကြားချက်အရ ရဲတပ်ဖွဲ့ဝင်များက နေအိမ်များအား သွားရောက် ဖြိုဖျက်ခဲ့ကြသည်။

ထိုသို့ ဖြိုဖျက် ခံရသဖြင့် သင်္ဘောကွေ့ကျေးရွာမှ လူဦးရေ ၂၀၀ ကျော်ခန့်မှာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားပြီး ကျောက်ပန္ဒူကျေးရွာ ဘုန်းတော်ကြီး ကျောင်းသို့ ယာယီ ပြောင်းရွှေ့ နေထိုင်နေခဲ့ကြရသည်။

သူတို့ လင်မယားနှစ်ဦး၏ နောက်ထပ်ရုံးချိန်းကို သြဂုတ် ၂၉ ရက်နေ့ကို ထပ်မံ ချိန်းလိုက်သည်ဟု သိရသည်။

September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...