တနင်္ဂနွေနေ့မှာ ကျောင်းတက်ခိုင်းတာ မသင့်တော်ဟုဆို

တနင်္ဂနွေနေ့မှာ ကျောင်းတက်ခိုင်းတာ မသင့်တော်ဟုဆို
by -
ခိုနူမ်းထုန်
ချင်းပြည်နယ်၊ ပလက်ဝမြို့ မြို့မအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများကို မြို့နယ် ပညာရေးမှူးရုံး၏ အစီစဉ်ဖြင့် ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်နေ့ (တနင်္ဂနွေနေ့) ၌ ကျောင်းတက်ခိုင်းခဲ့သည့်အပေါ် ဘာသာရေးရှုထောင့်အရ မသင့်တော်ကြောင်း CNF ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်လည်းဖြစ် ပလက်ဝ စီးပွားရေးရုံးတာဝန်ခံ ဦးလှထွန်း က ပြောပါသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်မှ ၂၁ အထိ နေ့စားလပေး ကျောင်းဆရာ၊ ဆရာမ များကို ပလက်ဝမြို့ အထက်တန်းကျောင်း တွင်သင်တန်းပေးခဲ့ရာ အခန်းမလုံလောက်မှုကြောင့် ကျောင်းပိတ်ခဲ့ရသည်။ ယခုလို ကျောင်းပိတ်ထားလိုက်သည့်အတွက် ကျောင်းသား/သူများပညာသင်ကြားချိန် နစ်နာခဲ့ရသည်ဟုဆိုကာ အစားထိုးအနေဖြင့် မြို့နယ်ပညာရေးမှူး၏ ညွှန်ကြားချက်ဖြင့် စနေ၊ တနင်္ဂနွေနေ့မှာ အစားထိုး ကျောင်းပြန်တက်ခိုင်းနေခြင်း ဖြစ်သည်။

အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်ပညာရေးမှူးက ကျောင်းသူ၊ ကျောင်းသားတွေအပေါ် နစ်နာမှာဆိုးလို့ တကယ့်စိတ်ရင်းစေတနာဖြင့် အစားထိုး အချိန်ပြန်ယူခိုင်းတာဖြစ်နိုင်သော်လည်း ချင်းပြည်နယ်သည် ခရစ်ယာန်အများစုနေထိုင်သည့်ဒေသဖြစ်သည့်အတွက် ဘာသာရေးရှု့ထောင့်အရ မလုပ်သင့်ကြောင်း စီးပွားရေးရုံး ပလက်ဝ တာဝန်ခံ ဦးလှထွန်းက အကြံပြုပြောဆိုသည်။

“ခုလို တနင်္ဂနွေနေ့မှာ ကျောင်းတက်တာက တစ်ရက်အတွက်ပဲဖြစ်တယ်၊ မြို့နယ်ပညာရေးမှူးက ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်တယ်ဆို တာတော့ မပြောတတ်ဘူး၊ ကလေးတွေအပေါ် တကယ်စိတ်ရင်းစေတနာနဲ့ နာစ်နာမှာဆိုးလို့ အစားထိုးတာဖြစ်နိုင်တယ်။ ဒါပေမယ့် ဘာသာရေးရှုထောင့် အရကြည်မယ်ဆိုရင်တော့ ဒါလုံးဝကို မလုပ်သင့်တဲ့အရာဖြစ်တယ်။”၎င်းက ဆိုသည်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး ပလက်ဝမြို့ရှိ ခရစ်ယာန်ဘာရေးလူကြီးများ နှင့် ကျောင်းသားမိဘများကလည်း ခရစ်ယာန်ဘာသာများ၏ အထွဋ်အမြတ် ထားရှိသည့် တနင်္ဂနွေနေ့မှာ ယခုကဲ့သို့ ကျောင်းတက်နေရတာသည် မသင့်တော်ကြောင်း နှင့် တရားဝင်သတ်မှတ် ထားသည့် ရုံးပိတ်ရက်ကို အသိအမှတ်ပြု လေးစားသောအားဖြင့် တနင်္ဂနွေနေ့တစ်ရက်ကိုတော့ ကျောင်းပိတ်သင့်တယ်လို့ ဝေဖန်ပြောဆိုကြကြောင်း ခူမီးမီဒီယာတွင် ဖော်ပြသည်။

ပလက်ဝမြို့ မြို့မအထက်တန်းကျောင်းတွင် တက်ရောက်နေသော ကျောင်းသူ၊ ကျောင်းသားများမှာ နယ်ကလာသော ကလေးတွေဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ထက်ဝက်ကျော်မှာ ခရစ်ယာန်ဖြစ်ကြောင်း နှင့် အလားတူ ခရစ်ယာန်ဝန်ထမ်း ကျောင်ဆရာ၊ ဆရာမ များလည်း ထက်ဝက်နီးပါးရှိကြောင်း သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...