ချင်းပြည်နယ် စည်ပင်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ၁၆၁ ဦးဝင်ရောက်ယှဉ်ပြိုင်မည်

ချင်းပြည်နယ် စည်ပင်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ၁၆၁ ဦးဝင်ရောက်ယှဉ်ပြိုင်မည်
by -
ခိုနူမ်းထုန်
လာမည့်အောက်တိုဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ချင်းပြည်နယ် စည်ပင်သာယာရေးကော် မတီရွေးကောက်ပွဲ တွင် ကိုယ်စားလှယ်လောင် ၁၆၁ ဦးဝင်ရောက်ယှဉ်ပြိုင်ကြမည်ဟု သိရသည်။

ရွေးကောက်ပွဲကြီးကြပ်ရေးအဖွဲ့၏ ထုုတ်ပြန်ချက်အရ ကျီခါးမြို့တွင် ၁၁ ဦး၊ တွန်းဇံ ၁၀ ဦး၊ တီးတိန် ၁၄ ဦး၊ ဖလမ်း ၁၁ ဦး၊ ဟားခါး ၁၄ ဦး၊ ထန်တလန် ၁၆ ဦး၊ ရိခေါဒါရ် ၁၄ ဦး၊ ရေဇွာ ၉ ဦး၊ မတူပီ ၁၃ ဦး၊ မင်းတပ် ၁၅ ဦး၊ ကန်ပက်လက်၂၀ ဦး၊ ဆမီး ၉ ဦးနှင့် ပလက်ဝ ၅ ဦး စုစုပေါင်း ၁၆၁ ဦးမှ စည်ပင်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ယင်းအထဲတွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၀ ဦး (ကျီခါး ၃ ဦး၊ ထန်တလန် ၂ဦး၊ တွန်းဇံ၊ ဖလမ်း၊ မတူပီ၊ ရိခေါဒါရ် နှင့်ဆမီး ၁ဦးစီ) ပါ၀င်သည်ဟုသိရသည်။

မြို့ပေါင်း ၁၅ မြို့ရှိသော ချင်းပြည်နယ်တွင် စည်ပင်ရွေး ကောက်ပွဲကို မြို့ ၁၃ မြို့တွင် တပြိုင်တည်းကျင်းပ မည်ဖြစ်ပြီး၊ တစ်မြို့လျင် မဲဆန္ဒနယ် ၄ နယ်စီဖြင့် စုစုပေါင်း မဲဆန္ဒနယ် ၅၂ နေရာ ရှိမည်ဖြစ်သည်။

ခိုင်ကမ်းနှင့် လိုင်လင်းပီမြို့တွင် စည်ပင်ဖွဲ့စည်းမှုမပီပြင်သေးသည့်အတွက် ရွေးကောက်ပွဲကို နောင်သင့်တော် သည့်အချိန်ကျမှ ကျင်းပပြုလုပ်မည်ဟု သိရသည်။

စည်ပင်ရွေးကောက်ပွဲ ကြီးကြပ်ရေးအဖွဲ့၏ ထုုတ်ပြန်ချက်အရ မဲဆန္ဒနယ် ရ နယ် (ပလက်ဝမြို့တွင် ၃ နေရာ၊ ဆမီးမြို့ ၂ နေရာ၊ တွန်းဇံနှင့် ကျီခါးမြို့တို့တွင် ၁ နေရာစီ)မှာ ၀င်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်း သူ ကိုယ်စားလှယ် လောင်း ၁ ဦးစီသာရှိသည့်အတွက် အဆိုပါနေရာများတွင် ရွေးကောက်ပွဲ ကျင်းပရန်မ လိုုအပ်တော့ဘဲ ယင်းပုုဂ္ဂိုလ်များ အနေဖြင့်ဥပဒေအရ ကော်မတီဝင်များ အလိုအလျောက် ဖြစ်လာကြမည် ဟုသိရသည်။

ချင်းပြည်နယ်၌ မဲပေးပိုုင်ခွင့်ရှိသူ အိမ်ထောင်စုုဦးရေမှာ ကျီခါးတွင် ၂၁၆၊ တွန်းဇံ ၅၆၇၊ တီးတိန် ၂၃၆၈၊ ဖလမ်း ၁၆၉၄၊ ဟားခါး ၄၃၃၄၊ ထန်တလန် ၁၆၂၁၊ ရိခေါဒါရ် ၂၂၀၅၊ ရေဇွာ ၄၃၀၊ မတူပီ ၁၆၀၈၊ မင်းတပ် ၂၁၆၄၊ ကန်ပက်လက် ၈၂၁၊ ဆမီး ရ၀၈ နှင့် ပလက်ဝတွင် ၁၃၅၇ ရှိသည်ဟု ယင်းထုတ်ပြန်ချက် အရသိ ရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...