တန်ဖိုးအမြင့်ဆုံးဖြစ်သည့် ဘတ် ၁၀၀၀ တန်ထိုင်းငွေစက္ကူ ထိုင်းဘုရင့်မွေးနေ့အထိမ်းအမှတ် ထုတ်ဝေသုံးစွဲ

တန်ဖိုးအမြင့်ဆုံးဖြစ်သည့် ဘတ် ၁၀၀၀ တန်ထိုင်းငွေစက္ကူ ထိုင်းဘုရင့်မွေးနေ့အထိမ်းအမှတ် ထုတ်ဝေသုံးစွဲ

၁၀ ပါးမြောက် ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၏ သက်တော် ၆၆ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ အစိုးရသည် ၁၀ ပါးမြောက် ထိုင်းဘုရင်မင်းမြတ်၏ ပုံပါ တန်ဖိုးအကြီးဆုံးထိုင်းဘတ်ငွေများ ထုတ်ဝေအသုံးပြုသွားမည်ဖြစ်ကြောင်းကြေငြာပါသည်။

ဇူလိုင်လ ၃ ရက်နေ့က ထိုင်းနိုင်ငံတော်ဗဟိုဘဏ်၏ အကြီးအကဲ မစ္စတာ ၀ီရထိုင်း ဆန်တိပရဖို့ က တရားဝင်ကြေငြာလိုက်ခြင်းဖြစ်ပြီး ထိုင်းငွေစက္ကူတွင် တန်ဖိုးအမြင့်ဆုံးဖြစ်သော ဘတ်ငွေ တစ်ထောင်တန်နှင့် ဘတ်ငွေ ငါးရာတန် ငွေစက္ကူများအား လက်ရှိထိုင်းဘုရင်မင်းမြတ်ပုံရိုက်နှိပ်ကာ အသုံးပြုသွားမည်ဖြဟ်ကြောင်း ဆိုပါသည်။

အဆိုပါငွေစက္ကူပုံစံအသစ်အား ဇူလိုင်လ ၂၈ ရက် တွင်ကျရောက်မည့် ထိုင်းနိုင်ငံ၏ လက်ရှိ ၁၀ ပါးမြောက် ထိုင်းဘုရင်မင်းမြတ် မဟာဝချီရလုံးကွန်း ပဒင်ထရာထေ့ ယဝရန်းကွန်း၏ သက်တော် ၆၆ နှစ်မြောက် အထိမ်းအမှတ်အဖြစ် အဆိုပါနေ့ရက်တွင်ပင် ပြည်သူလူထုလက်ဝယ် ထုတ်ဝေပေးသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဗဟိုဘဏ်က အကြီးအကဲကပြောသည်။

လက်ရှိအသုံးပြုနေသော ၉ ပါးမြောက်ဘုရင်မင်းမြတ်ပုံပါသောထိုင်းငွေစက္ကူများကိုလည်း ဆက်လက်အသုံးပြုသွားမည်ဖြစ်ကြောင်းဆိုပါသည်။

ထုတ်ဝေအသုံးပြုမည့် ဘတ်ငွေ တစ်ထောင်တန်အသစ်သည် ယခင်အတိုင်းအညိုရောင်ဖြစ်ပြီး အရှေ့ပိုင်းတွင် ၁၀ ပါးမြောက်ထိုင်းဘုရင်မင်းမြတ်ပုံတော်၊ အနောက်ပိုင်းတွင် ၁၀ ပါးမြောက်ဘုရင်မင်းမြတ်နှင့် ဖခမည်းတော်ဖြစ်သော ၉ ပါးမြောက် ထိုင်းဘုရင်မင်းမြတ်ပုံတော်တို့ပါရှိမည်ဖြစ်ကြောင်းသိရသည်။

ဘတ်ငွေ ၅၀၀ တန် ထိုင်းငွေစက္ကူတွင်လည်း ယခင်အတိုင်း ခရမ်းနုရောင်ဖြစ်ပြီး အရှေ့ပိုင်းတွင် ၁၀ ပါးမြောက်ထိုင်းဘုရင်မင်းမြတ်ပုံတော်၊ အနောက်ပိုင်းတွင် ရ ပါးမြောက် ထိုင်းဘုရင်မင်းမြတ်နှင့် ၈ ပါးမြောက် ထိုင်းဘုရင်မင်းမြတ်တို့၏ ပုံ များ ပါ၀င်ပါသည်။

လက်ရှိ ၁၀ ပါးမြောက် ထိုင်းဘုရင်မင်းမြတ်ပုံပါ ထိုင်းဘတ်ငွေ ၁၀၀ တန်၊ ၅၀ တန်၊ ၂၀ တန်၊ အကြွေစေ့များဖြစ်ကြသော ၁၀ ဘတ်တန်၊ ၅ ဘတ်တန်၊ ၂ ဘတ်တန်၊ ၁ ဘတ်တန်၊ ပြား ၅၀ တန်၊ ၁၂ ပြားတန် တို့အား ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့ကတည်းက ပင် ထုတ်ဝေကာ အသုံးပြုနေခဲ့ပြီးဖြစ်ပါသည်။

၁၀ ပါးမြောက်ထိုင်းဘုရင်သည် ဖခမည်းတော် နတ်ရွာစံပြီး ၁ နှစ်ကျော်ကြာပြီဖြစ်သော်လည်း နန်းတက်မင်္ဂလာအခမ်းအနားမပြုသေးပေ။

Most read this week

December 17, 2025
နေ့စဉ်နှင့်အမျှ ကြီးထွားလာနေသည့် ကျားဖြန့်အွန်လိုင်း ငွေလိမ်လည်မှု ကိစ္စများကြောင့်...
December 16, 2025
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...
December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...