ခနောက်စိမ်းနှင့် ခဲသတ္တုလုပ်ကွက်များ အသေးစားတူးဖေါ်လုပ်ကိုင်ရန် လျှောက်ထားနိုင်ပြီ

ခနောက်စိမ်းနှင့် ခဲသတ္တုလုပ်ကွက်များ အသေးစားတူးဖေါ်လုပ်ကိုင်ရန် လျှောက်ထားနိုင်ပြီ
by -
နော်ဒွေးအယ်ခူ
မော်ချီးသတ္တုတွင်း၌ ခဲလုပ်ကွက်များလုပ်ကိုင်နေသူများ(ဓါတ်ပုံ-လင်းသန့်)
မော်ချီးသတ္တုတွင်း၌ ခဲလုပ်ကွက်များလုပ်ကိုင်နေသူများ(ဓါတ်ပုံ-လင်းသန့်)

ကယားပြည်နယ် မြို့နယ်လေးခုရှိ မြေဧရိယာ ၄ သောင်းကျော်ပေါ်တွင် ခနောက်စိမ်းနှင့် ခဲသတ္တုများတူးဖော်ထုတ်လုပ်ရန် အသေးစားနှင့် လက်လုပ်လတ်စားလုပ်ကွက်များကို ဦးရာလူစနစ်ဖြင့် လျှောက်ထားနိုင်ကြောင်း ကယာပြည်နယ်သတ္တုတွင်းဦးစီးဌာနမှ သိရသည်။

“လုပ်ကွက်ကိုလျှောက်ထားနိုင်ပြီ။ ဒါပေမယ့် လျှောက်ထားတာကိုတော့ မြေစာရင်းပုံစံနဲ ့ပြောရရင် မြေယာပိုင်ဆိုင်မှု ပုံစံ-၁၀၅က လက်ထဲမှာရှိရမယ်။ကိုယ့်ရဲ ့လယ်၊ကိုင်းထဲမှာ ကိုယ်ပိုင်တဲ့တောတောင်ထဲမှာဆိုရင်တော့ မြေပိုင်ဆိုင်မှုက ကိစ္စမရှိဘူး။ဒါပေမယ့် သူများရဲ ့လယ် မြေ ခြံထဲမှာဆိုရင်တော့ ကိုယ်က မြေပိုင်ဆိုင်မှုကိုအရင်စလုပ်ရမယ်။”ဟု  ကယားပြည်နယ်သတ္တုတွင်းဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးမောင်အေးက ပြောသည်။

ခနောက်စိမ်း၊ ခဲသတ္တု အသေးစားနှင့် လက်လုပ်လက်စားတူးဖော်ခြင်းလုပ်ကွက်များကို ဘောလခဲခရိုင်အတွင်းရှိ မယ်စဲ့မြို့နယ် ဟွေပုံလောင်းဒေသရှိ မြေဧရိယာ တစ်သောင်းလေးထောင်ကျော်နှင့် ရွာသစ်မြို့ ပိလုတောင်ဒေသရှိ မြေဧရိယာ ၉ ထောင်ကျော်တွင် ချထားမည်ဖြစ်သည်။

လွိုင်ကော်ခရိုင်အတွင်း၌ ဖရူဆိုမြို့နယ် တောင်ဂူဒေသရှိ မြေဧရိယာရှစ်ထောင်ကျော်နှင့် ဒီးမော့ဆိုမြို့နယ် ဒေါဝယ်မောဒေသရှိ မြေဧက ၁ သာင်းကျော်တွင် လုပ်ကွက်များချထားပေးမည်ဖြစ်သည်။

ကယားပြည်နယ်အစိုးရက အသေးစားလုပ်ကွက်တစ်ခုလျှင် မြေ ၁၀ ဧကနှုန်းဖြင့်လုပ်ကိုင်ခွင့် သက်တမ်းငါးနှစ်မှ ၁၀ နှစ်အထိ ခွင့်ပြုမည်ဖြစ်ပြီး လက်လုပ် လက်စားလုပ်ကွက်တစ်ခုလျှင် အိမ်ထောင်စုတစ်စုအတွက် မြေ ၃ ဧကနှုန်းဖြင့် လုပ်ကိုင်ခွင့်သက်တမ်း ၁ နှစ်ခွင့်ပြုမည်ဟု ဆိုသည်။

အသေးစားသတ္တုထုတ်လုပ်ခြင်းကို ကုမ္ပဏီအမည်ဖြင့် လျှောက်ထားရန်လိုအပ်ပြီး လက် လုပ်လက်စားလုပ်ကွက်များကို အိမ်ထောင်စုစာရင်းတစ်ခုလျှင် တစ်ကွက်နှုန်းဖြင့် သတ်မှတ်ထားသည့် လုပ်ထုံး၊ လုပ်နည်းများနှင့် အညီလျှောက်ထားနိုင်ကြောင်း ပြည်နယ်သတ္တုတွင်းဦးစီးဌာနမှ သိရသည်။

“လက်လုပ်လက်စားဆိုရင် ဒေသခံတွေပေါ့ ပုံစံ ၁ဝက ဒီမှာပေါက်ရမယ်။မော်ချီးမှာ နေတဲ့သူက မော်ချီးမှာလျှောက်လို ့ရတယ် ဘောလခဲနေရင် ဘောလခဲမှာ လျှောက်လို ့ရမယ်။ အဓိကတော့ ဒေသခံတွေကိုအလုပ်အကိုင်အခွင့်အလမ်းတွေ ပွင့်စေချင်တယ်။”ဟု ဦးမောင်အေးက ပြောသည်။

အသေးစားသတ္တုထုတ်လုပ်ရာတွင် ကုမ္ပဏီအမည်ဖြင့် လျှောက်ထားရန်လိုအပ်သော်လည်း ဒေသခံတွေအနေဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်နိုင်ပါက ဦးစားပေးမည်ဖြစ်ကြောင်းနှင့် မလုပ်နိုင်ပါက ကုမ္ပဏီမှရင်းနှီးမြှုပ်သူများကို ဦးစားပေးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် ကယားပြည် နယ်အတွင်း ခနောက်စိမ်းနှင့် ခဲသတ္တုတူးဖော်ခြင်း အကြီးစားနှင့် အလတ်စားထုတ်လုပ်ခြင်း လုပ်ငန်းများတွင် ပြည်ပကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုမရှိသေးသော်လည်း အကြီးစားလုပ်ကွက် ၁ ကွက်အပါအဝင် အသေးစားလုပ်ကွက် စုစုပေါင်း ၂၃ ကွက်ကို ပြည်တွင်းနှင့် ဒေသခံကုမ္ပဏီများအား လုပ်ကိုင်ခွင့်ပြုထားသည်။

ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...