မူးယစ်သတင်းပေးတိုင်ကြားသူနှင့် လက်ရဖမ်းဆီးပေးသူများကို ဆုကြေးပေးမည်

မူးယစ်သတင်းပေးတိုင်ကြားသူနှင့် လက်ရဖမ်းဆီးပေးသူများကို ဆုကြေးပေးမည်
by -
လင်းသန့်

မူးယစ်ကုန်သည်များနှင့် ရောင်းဝယ်ဖောက်ကားမှုများအား သတင်းပေး တိုင်ကြားသူများနှင့် လက်ရ ဖမ်းဆီးသူများအား ဆုကြေးများ ချီးမြှင့်ပေးသွားမည်ဟု ဇွန် ၂၆ ရက်နေ့က နေပြည်တော်၌ ကျင်းပသည့် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား၌ သမ္မတဦးဝင်းမြင့်က ပြောကြားသည်။
 

“သတင်းပေးတိုင်ကြားသူတွေကို ထိုက်ထိုက် တန်တန်ဆုကြေး ချီးမြှင့်ပေးရာမှာ သူတို့ရဲ့ လုံခြုံရေးကို အထူးဂရုပြုတဲ့အနေနဲ့ သတင်းထုတ်ပြန်ခြင်း ပြုလုပ်မှာ မဟုတ်သလို နိုင်ငံတော်ရဲ့ ချီးမြှင့်ငွေ ဖြစ်တဲ့အတွက် အခွန် ကင်းလွတ်ခွင့် အထူး အခွင့်အရေးကိုလည်း ပေးအပ်သွားမှာ ဖြစ်ပါတယ်” ဟု သမ္မတက ပြောသည်။

မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှုများနှင့် စပ်လျဉ််းပြီး သတင်းပေး တိုင်ကြားနိုင်မည့် “မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာန”ကိုလည်း သမ္မတရုံး၌ ဖွဲ့စည်းထားပြီးဖြစ်သည်။

တိုင်ကြားသူများ၏ လုံခြုံရေး၊ သတင်းအချက်အလက် မပေါက်ကြားရေးအတွက် လုံခြုံမှု အဆင့်အတန်း သတ်မှတ်ပြီး အကာအကွယ်ပေးထားမည်ဖြစ်သည်။

“မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နင်းရေး လုပ်ငန်းအဆင့်ဆင့်မှာ ပြည်သူတွေရဲ့ ပါဝင်မှုကို မြှင့်တင်နိုင်ဖို့ ဆုငွေ ချီးမြှင့်ရေးအစီအစဉ််တွေ၊ အကာအကွယ်ပေးရေး အစီအမံတွေ၊ သတင်း အချက်အလက် လုံခြုံရေး စနစ်တွေကို အရှိန်အဟုန်မြှင့်တင်ပြီး ဆောင်ရွက်နေပြီ ဖြစ်ပါတယ်” ဟု သမ္မတက ပြောကြားသည်။

သတင်းပေး တိုင်ကြားလာသူများ ပေးပို့သည့် သတင်းအချက်အလက်များကို အခြေခံပြီး ဗဟို၌ ဖွဲ့စည်းထားသည့် အထူးအဖွဲ့ကို စေလွှတ်သွားမည်ဖြစ်သည်။ အထူးအဖွဲ့၏ လှုပ်ရှား ဆောင်ရွက်မှုဆိုင်ရာ သတင်းအချက်အလက်များ ပေါက်ကြားခြင်း မရှိရန် အချိန်တိုတိုအတွင်း အလျင်အမြန် ဖြန့်ကျက်ပြီး လျှပ်တစ်ပြက် သွားရောက်ဖမ်းဆီးနိုင်ရန်အတွက် အမိန့်ပေး ကွပ်ကဲမှု လမ်းကြောင်းအား အတိုဆုံးဖြစ်အောင် စနစ်တကျ ပြင်ဆင် ဆောင်ရွက်ထားပြီးဖြစ်သည်ဟုလည်း ဆိုသည်။

Most read this week

Photo - Crd
September 17, 2026
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့ အနောက်ဘက်ခြမ်းတွင် ယနေ့ စက်တင်ဘာ ၁၇ ရက်အထိ စစ်အုပ်စုတပ်က ဒရုန်း...
September 17, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မိဘမဲ့ဂေဟာအနီးသို့ စစ်အုပ်စုတပ်က စက်တင်ဘာ ၁၆...
September 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းမှ...
KNPP ပါတီ၏ ပထမဆုံး အမျိုးသမီး အတွင်းရေးမှူး (၂) ဖြစ်လာသူ မော်သဲမာ။ / Credit
September 15, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ လစ်လပ်တာဝန်များ ပြန်လည်ရွေးချယ်ခန့်အပ်ရာတွင်...