ကယား- ထိုင်းနယ်စပ်မှ နိုင်ငံခြားသားများ နိုင်ငံဖြတ်ကျော် ဝင်/ထွက်ရန် တရားဝင်ခွင့်မပြုသေး

ကယား- ထိုင်းနယ်စပ်မှ နိုင်ငံခြားသားများ နိုင်ငံဖြတ်ကျော် ဝင်/ထွက်ရန် တရားဝင်ခွင့်မပြုသေး
by -
ခူးစိုးရယ်ဦး

မြန်မာနိုင်ငံအတွင်း သွားလာလည်ပတ်ရန် ကယား– ထိုင်းနယ်စပ်မှ နိုင်ငံခြားသားခရီးသွားသည်များ ခွင့်ပြုချက်မတောင်းခံပါက ဝင်ရောက်ခွင့် မပြုသေးကြောင်း သိရသည်။

ထိုင်းနှင့် မြန်မာနယ်စပ် BP-13 ဝင်ပေါက်မှတဆင့် ကယားပြည်နယ် မြို့တော် လွိုင်ကော်အထိ နှစ်နိုင်ငံ ခရီးသွားတွေ သွားလာခွင့်ရရှိရေးအတွက် ပြည်ထောင်စုနဲ့ ပြည်နယ်အဆင့် တရားဝင် ဖြတ်သန်းသွားလာခွင့် ပြုပေးဖို့ အစီအစဉ်ရှိမရှိ လွိုင်ကော်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက မေးမြန်းခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၁၃ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းအား အစိုးရအဖွဲ့က ပြန်လည်ဖြေကြားခဲ့ပြီး ဝင်ထွက်သွားလာခွင့်မပြုသေးဟု ဆိုသည်။

ဝင်ထွက်သွားလာရေးအတွက် ဆက်လက်ဆွေးနွေးနေဆဲဖြစ်ပြီး မယ်စဲနယ်မြေကနေ ထိုင်း၊ မြန်မာ နှစ်နိုင်ငံ နိုင်ငံတွေ ဝင်ထွက်ခွင့်ရရေး ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးထားမှု မရှိသေးဟု ပြည်ထောင်စုဝင်ကြီးက ပြောသည်။

ထိုအပြင် နှစ်နိုင်ငံနယ်စပ်ဝင်ထွက်ဂိတ်ရှိရာ မယ်စဲ့ နယ်မြေသည် ကန့်သတ်နယ်မြေစာရင်းတွင် ပါဝင်နေသောကြောင့် ခွင့်ပြုချက် တောင်းခံပြီးမှသာလျှင် သွားလာနိုင်မည့် နယ်မြေဖြစ်နေသည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

“ထိုင်းနိုင်ငံဘက်က အဲဒီ နယ်မြေဟာ သစ်တောထိန်းသိမ်းရေး ဥပဒေနဲ့ ကာကွယ်ထားတဲ့ ဧရိယာအတွင်း ကျရောက်နေလို့၊ အဲဒီ ဧရိယာကနေ ထုတ်ပယ်ပြီးသားဖြစ်ပြီး ထိုင်းနယ်စပ်မှာ နှစ်နိုင်ငံကုန်သွယ်ရေးစခန်း ဖွင့်လှစ်နိုင်မည်” ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

မယ်စဲ့မြို့အနီးရှိ အဆိုပါ ဘီပီ ၁၃ နယ်စပ်ဝင်ပေါက်မှတဆင့် နိုင်ငံတဝှမ်း ဝင်ရောက်မှုကို ပြည်ထောင်စုအဆင့် ခွင့်ပြုချက် တောင်းခံမည်ဖြစ်ပြီး ကယားပြည်နယ်အတွင်း သို့မဟုတ် မယ်ဟောင်ဆောင်ခရိုင်အတွင်း လာရောက်လိုပါက ပြည်နယ်အစိုးရထံ (သို့မဟုတ်) မယ်ဟောင်ဆောင်ခရိုင်အစိုးရထံ အကြောင်းကြားခွင့်ပြုချက်တောင်းခံပြီး လည်ပတ်နိုင်မည်ဖြစ်သည်။

အဆိုပါ နယ်စပ်ဝင်ပေါက်မှတဆင့် ကုန်သွယ်မှုအချို့ ပြုလုပ်နေပြီဖြစ်သော်လည်း လူဝင်ထွက်သွားလာရေးကိစ္စ အပြီးမသတ်နိုင်သေးဖြစ်နေသည်။

“ခွင့်ပြုချက်မတောင်းဘဲနဲ့ သူ့ဟာသူ ဝင်လာမယ်ဆိုရင် လက်မခံဘူး၊ သူတို့ သွားချင်ရာ သွားမယ်ဆိုရင် ခွင့်ပြုမှာ မဟုတ်ဘူး။”ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(လွိုင်ကော်ရုံး) ဒုလက်ထောက် ညွန်ကြားရေးမှူး ဦးလင်းဇော်ထွန်းက ပြောသည်။

ထိုင်း – မြန်မာနှစ်နိုင်ငံ နယ်စပ်ဂိတ်အသစ်အဖြစ် ဘီပီ ၁၃ တွင် တရားဝင် ဖွင့်လှစ်နိုင်ရေးအတွက် မြန်မာနှင့် ထိုင်း ညှိနှိုင်းမှုများ ပြုလုပ်နေပြီး ထိုင်နိုင်ငံငံဘက်မှ နယ်စပ်အထိ လမ်းဖေါက်လုပ်ပြီးစီးမှု မရှိသေးသဖြင့် ကြန့်ကြာနေသည်။

Most read this week

December 15, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို...
December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...
Photo credit - CJ
December 9, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ကော်မရှင် တပ်စွဲထားတဲ့ ပတ်ဝန်းကျင်တွေရှိ...
Photo credit - CJ
December 8, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း နှစ်ခုမှာ အိမ်ရှင်မတွေရဲ့...