ဆိတ်မွေးမြူရေး မွေးနှုန်းထက် သေနှုန်းမြင့်မား

ဆိတ်မွေးမြူရေး မွေးနှုန်းထက် သေနှုန်းမြင့်မား
by -
မူအက်စတာ

ကယားပြည်နယ်အစိုးရမှ ပြည်နယ်ရံပုံငွေဖြင့် ဆိတ်များဝယ်ယူရာ ဝယ်ယူချိန်ကထက် လက်ကျန်မှာ လျော့နည်းနေကြောင်း တွေ့ရှိရသည်။ 

မွေးမြူသည့် ဒေသခံများသည်လည်း ၎င်းတို့မွေးမြူရန် တင်တောင်းခဲ့သည့်အတိုင်း ဆိတ်များကို စနစ်တကျမွေးမြူရန်၊ မလိုအပ်ပဲ သေဆုံးမှုများ မဖြစ်စေရန် ဂရုစိုက်ရန်နှင့်  အချိန်မတန်မီ ဆိတ်များရောင်းချခြင်းတို့ကို မလုပ်ဆောင်သင့်ကြောင်း ဝန်ကြီးဦးဘောစကိုက ပြောသည်။

မျိုးကောင်းမျိုးသန့်ဆိတ်ဝယ်ယူရန် သတင်းစာတွင် ကြေငြာခဲ့ပြီး တင်ဒါခေါ်အဖွဲ့မှ စစ်ဆေးဆောင်ရွက်ခဲ့ကာ ဆိတ်ကောင်ရေ ၁၅၈ဝကောင်ကို တစ်ကောင်လျှင် ၉၅ဝဝဝကျပ်ဖြင့် မန္တလေးတိုင်းမှ ဝယ်ယူတင်သွင်းခဲ့သည်ဟု သိရသည်။ 

လက်ရှိတွင် ဒေသခံများသည် ဆိတ်များကို မသေကြေရန် စောင့်ရှောက်ရသည့်အပိုင်းသာ ရှိသေးသဖြင့် စျေးကွက်သို့တင်ပို့သည့် ကိစ္စများသည် မဖြစ်နိုင်သေးသည့် အခြေအနေဖြစ်ပေသည်။

၂၀၁ရခုနှစ်တွင်လည်း ဒေါရောက်ခူကျေးရွာသို့ သိုးများကို လာရောက်ချထားပေးခဲ့ဖူးသည်။ သိုးကောင်ရေ ၁ဝဝကျော်ခန့်လာထားခဲ့ရာ လက်ရှိတွင်သိုး ၉ကောင်သာကျန်ရှိပြီး တစ်ကောင်မွေးဖွားလာခဲ့ရာ ၁ဝကောင်ဖြစ်လာခဲ့သည်။ 

Most read this week

ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...
Photo - Crd
September 17, 2026
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့ အနောက်ဘက်ခြမ်းတွင် ယနေ့ စက်တင်ဘာ ၁၇ ရက်အထိ စစ်အုပ်စုတပ်က ဒရုန်း...
September 17, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မိဘမဲ့ဂေဟာအနီးသို့ စစ်အုပ်စုတပ်က စက်တင်ဘာ ၁၆...
September 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းမှ...