မွန်ပြည်နယ်တွင် မြေယာအငြင်းပွားမှုတိုင်ကြားစာ အများဆုံးဖြစ်

မွန်ပြည်နယ်တွင် မြေယာအငြင်းပွားမှုတိုင်ကြားစာ အများဆုံးဖြစ်
မွန်ပြည်နယ် တိုင်ကြားစာ၊ အသနားခံစာနှင့် စိစစ်လေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဌ ဦးအောင်ကျော်သူ(Photo: မွန်လွှတ်တော်)
မွန်ပြည်နယ် တိုင်ကြားစာ၊ အသနားခံစာနှင့် စိစစ်လေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဌ ဦးအောင်ကျော်သူ(Photo: မွန်လွှတ်တော်)

မွန်ပြည်နယ်တွင် ၂၀၁၈ ခုနှစ်၊ ဇွန်လအထိ တိုင်ကြားစာ ၃၀၀ ကျော်ရှိသည့်အနက် မြေယာအငြင်းပွားမှုတိုင်ကြားစာက ၇၀ ရာခိုင်နှုန်းအထိ အများဆုံးဖြစ်နေကြောင််း မွန်ပြည်နယ် တိုင်ကြားစာ၊ အသနားခံစာနှင့် စိစစ်လေ့လာသုံးသပ်ရေးကော်မတီထံမှ သိရသည်။

အဆိုပါတိုင်ကြားစာကို မြေယာအကွက်ရိုက်ရောင်းချမှု၊ မြေယာအငြင်းပွားမှုပြဿနာများနှင့် ပတ်သက်သည့်ကိစ္စများကို လာရောက်တိုင်ကြားကြကြောင်း မွန်ပြည်နယ် တိုင်ကြားစာ၊ အသနားခံစာနှင့် စိစစ်လေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဌ ဦးအောင်ကျော်သူက ပြောသည်။

ဦးအောင်ကျော်သူက “အဓိက မြေယာနှင့် ပတ်သက်ပြီးတော့ တိုင်ကြားတာက အကွက်ရိုက်ရောင်းချမှုတွေရှိတယ်၊ နောက်တစ်ခုကကျတော့ မြေယာအငြင်းပွားမှုတွေ သူတို့ရဲ့ ဘိုးဘွားပိုင် မိရိုးဖလာလုပ်လာခဲ့တာ ဒီအချိန်မှာ စီမံကိန်းတွေလုပ်လာတဲ့ ကိစ္စမျိုးတွေရှိတယ်” ဟု ဆိုသည်။

ရေးမြို့နယ်၊ အစင်ကျေးရွာတွင် လှေထောင့်တင်သည့် မြေနေရာကိစ္စ၊ ကျိုက်ထိုမြို့နယ်တွင် မြေယာတန်ဖိုးကြီးမားလာသည့်ကိစ္စနှင့် ဘီလင်းမြို့နယ်တွင် သောင်နုမြေပေါ်ထွန်းသည့်ကိစ္စတို့ကြောင့် မြေယာပြဿနာ  အများဆုံးဖြစ်နေသည်ဟု ဦးအောင်ကျော်သူက ဆက်ပြောသည်။

လယ်ယာမြေဥပဒေပြဌာန်းချက်အရ ကျေးရွာအတွင်းရှိ လယ်ယာမြေများကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများအား လုပ်ကိုင်ခွင့်ပေးထားသည့်အတွက်ကြောင့် နေရာတိုင်းလိုလိုပင် မြေယာပြဿနာ ဖြစ်ပွားနေသည်ဟု မြေယာကိစ္စလှုပ်ရှားသူ နိုင်စဝေါမွန်က ပြောသည်။

“လယ်ယာမြေဥပဒေမှာဆိုရင် အုပ်ချုပ်ရေးမှူးတွေကိုပဲ စီမံခွင့် အာဏာပေးထားတဲ့အတွက် အုပ်ချုပ်ရေးမှူးတွေက အများပိုင်မြေတွေကို အကွက်ရိုက်ပြီးရောင်းကြတယ်၊ ဒီနှစ်မှာဆိုရင် ရင်းနှီးမြှပ်နှံမှုတွေကြောင့် ကျေးရွာတော်တော်များမှာ လယ်ယာမြေတွေဆုံးရှုံးနေရတယ်” ဟု သူက ပြောသည်။

လက်ရှိပြဌာန်းထားသည့် လယ်ယာမြေဥပဒေကိို ပြုပြင်ပြောင်းလဲပြင်ဆင်ပြီး အများပြည်သူပူးပေါင်းပါဝင်လာပါက အဆိုပါမြေယာပြဿနာများ ဖြေရှင်းနိုင်မည်ဟု နိုင်စဝေါမွန်က ယူဆသည်။

မွန်ပြည်နယ်သည် ပဲခူးတိုင်းဒေသကြီးကို စစ်တောင်းမြစ်ဖြင့်ပိုင်းခြားထား၍ မြန်မာနိုင်ငံတောင်ဘက်တွင် ဧရိယာအားဖြင့် ၁၂,၂၉၆ စတုရန်းကီလိုမီတာရှိပြီး အရှေ့ဖက်တွင်တောင်ညိုတန်း၊ အနောက်ဘက်တွင် အက်ဒမန်ပင်လယ်ပြင်ကြား မြောက်မှတောင်ဘက်သို့ မြေပြန့်များ၌  မြို့ရွာများ စီတန်းလျက်တည်ရှိပြီး မြောက်ဘက်မုတ္တမပင်လယ်ကွေ့မှ တောင်ဘက်တနင်္သာရီတိုင်းဒေသကြီးအထိ ကမ်းရိုးတန်းအရှည် ၅၆၆ ကီလိုမီတာခန့် ရှည်လျားသည်။

May 28, 2026
မွန်ပြည်နယ်တွင် စိုက်ပျိုးရေးကုန်ကျစရိတ်များ အဆမတန်မြင့်တက်နေပြီး စပါးဈေးနှုန်း မတက်လာသည့်အတွက်...
May 27, 2026
ရန်ကုန်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ဖွင့်လှစ်သည့် မွန်ရိုးရာဝတ်စုံ...
ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...