ဟိုယာဒေသတွင် ခရီးသွားလုပ်ငန်းနှင့် ကုန်စည်ဝန်ဆောင်မှု ဒေသတွင်းကုမ္ပဏီ ၁ ခု ရင်းနှီးမြှုပ်နှံမည်

ဟိုယာဒေသတွင် ခရီးသွားလုပ်ငန်းနှင့် ကုန်စည်ဝန်ဆောင်မှု ဒေသတွင်းကုမ္ပဏီ ၁ ခု ရင်းနှီးမြှုပ်နှံမည်
by -
ခူးစိုးရယ်ဦး
ဟိုယာဒေသ တစ်နေရာအား တွေ့ရစဉ် (ဓါတ်ပုံ-စိုင်းလင်းလင်းဦး)
ဟိုယာဒေသ တစ်နေရာအား တွေ့ရစဉ် (ဓါတ်ပုံ-စိုင်းလင်းလင်းဦး)

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပပြီးနောက်ပိုင်း ယိုယာဒေသတွင် ခရီးသွားလုပ်ငန်းနှင့် ကုန်စည်ဝန်ဆောင်မှုပေးရန် ဒေသတွင်းကုမ္ပဏီ ၁ ခုက ပြည်နယ်အစိုးရထံ အဆိုပြုတင်ပြထားကြောင်း ကယားပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က ပြောသည်။

ရင်းနှီးမြှုပ်နှံမည့် နေရာသို့ ဆွတ်ပိုင်ကုမ္ပဏီနှင့်အတူ အစိုးရဌာနဆိုင်ရာများက လာမည့် ဇွန်လ ဒုတိယအပတ်မှစ၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရန် ရှိနေသည်။

ဒေသခံလူထုနှင့် ညှိနှိုင်းကာ လုပ်ငန်းရင်းနှီးမြှုပ်နှံမည့် နေရာသို့ ခွင့်ပြုချက်များ တောင်းခံရန် စီစဉ်နေပြီဖြစ်သည်။

ဟိုယာတိုးချဲ့မြေပေါ်တွင် မြို့နယ်စည်ပင်သာယာရေး စျေးနှင့် စျေးအဝင်လမ်း (၂)မိုင်၊ အဝေးပြေးကားရပ်နားစခန်းနှင့်၊ ကုန်သိုလှောင်ရုံ၊ ကုန်စည်ဒိုင်စခန်း၊ တန်ဖိုးနည်းအိမ််ရာ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဖရူဆိုမြို့ မော်သီဒိုရွာအနီးရှိ ထီးဖရူးနူးသဘာဝ လှိုက်ဂူတွင် သဘာဝ ခရီးသွားနှင့် အပန်းဖြေစခန်း၊ ဆင်ဖြူတောင်ပေါ်တွင် သဘာဝခရီးသွားနှင့် ရှုမျှော်ခင်းကြည့်ရှုစခန်း စသည့် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ကုမ္ပဏီက အဆိုပြုထားသည်။

ယမန်နှစ်များက ဆွတ်ပိုင်ကုမ္ပဏီမှ ယင်းကဲ့သို့ ရင်းနှီးမြုပ်နှံရန် ကမ်းလှမ်းခဲ့သော်လည်း ပွင့်လင်းမြင်သာမှုမရှိဟုဆိုကာ ဟိုယာဒေသခံများ၏ ကန့်ကွက်မှုကြောင့် အထမမြောက်ခဲ့ပေ။

ယခုတစ်ကြိမ် ရင်းနှီးမြှုပ်နှံမှုသည် အစိုးရ၏ ခွင့်ပြုဖြင့် လုပ်ကိုင်မည်ဖြစ်၍ ကန့်ကွက်ခြင်းမပြုရန် ကယားပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က တိုက်တွန်းထားကြောင်း ဌာနေပြည်သူ့စစ်၏ ဒေန္တရအုပ်ချုပ်ရေးမှူး ဦးမိုင်ကယ်က ပြောသည်။

“သူတို့ ဘယ်လို လုပ်မယ် ဘယ်ချိန် လုပ်မလဲဆိုတာ ဘာမှ မပြောသေးဘူး။”ဟု ၎င်းက ပြောသည်။

ဒေသခံအကြား အကျေအလည်ဆွေးနွေးညှိနှိုင်းပြီးမှသာ အဆိုပါ ရင်းနှီးမြှုပ်နှံမှုအား ခွင့်ပြုနိုင်ရေး ဆုံးဖြတ်ချက်အား အတည်ပြုနိုင်မည်ဟု ၎င်းက ပြောသည်။

ပြည်နယ်အစိုးရကမူ ဒေသခံတိုင်းရင်းသားများအား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာသည်နှင့်တပြိုင်တည်း အသိပညာပေးခြင်းကို ဦးစွာလုပ်ဆောင်ပေးမည်ဟု ဆိုထားသည်။

ယင်းရင်းနှီးမြှုပ်မှုအစီအစဉ်သည် ဒေသခံပြည်သူများထံ ဖွံ့ဖြိုးမှုအတွက် အကျိုးသက်ရောက်မှုများ ရရှိလာလိမ့်မည်ဟု ဝန်ကြီးဦးမော်မော်က ပြောကြားထားသည်။

ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...