လိုင်စင်မဲ့ကားများကို ပြည်နယ်အဆင့်လိုင်စင်ပြုလုပ်ပေးရန် ဥပဒေမရှိဟု ဆို

လိုင်စင်မဲ့ကားများကို ပြည်နယ်အဆင့်လိုင်စင်ပြုလုပ်ပေးရန် ဥပဒေမရှိဟု ဆို
by -
လင်းသန့်

ကယားပြည်နယ်အတွင်းရှိ မြို့များတွင် လိုင်စင်မဲ့ မော်တော်ယာဉ် အရေအတွက် စာရင်းကောက်ယူထားသော်လည်း ပြည်နယ်အဆင့်လိုင်စင်ပြုလုပ်ပေးနိုင်သည့် ညွှန်ကြားချက်နှင့် ဥပဒေမရှိသဖြင့် ပြုလုပ်ပေးမည်မဟုတ်ကြောင်း ကယားပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက ပြောသည်။

ဇွန်လ ၆ ရက်နေ့မှ စတင်၍ ပြည်နယ်အဝင်အထွက်ဂိတ်များတွင် ဝင်ရောက်လာမည့် လိုင်စင်မဲ့ကားများကို ဖမ်းဆီးအရေးယူတော့မည်ဟု ပြည်နယ်အစိုးရက ကြေညာထားရာ လိုင်စင်မဲ့ယာဉ်အသုံးပြုသူ အများအပြားက စိုးရိမ်ပူပန်မှုများ ရှိခဲ့သည်။

အချို့ကမူ ပြည်နယ်အတွင်းသွားလာအသုံးပြုနိုင်မည့် အသိအမှတ်ပြုလိုင်စင်ကဲ့သို့သော အစီအစဉ်များပြုလုပ်ပေးရန် ဆန္ဒရှိသူများလည်း ရှိနေသည်။

“ပြည်နယ်လိုင်စင်လုပ်လို့ရတဲ့ ညွွှန်ကြားချက်၊ ဥပဒေတွေ လိုက်ရှာကြည့်တယ်၊ တစ်ခုမှ မရှိဘူး။ အဲ့တော့ ပြည်နယ်လိုင်စင်လုပ်ပေးလို့မရပါဘူး။”ဟု လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက ပြောသည်။

ကယားပြည်နယ်အတွင်း စီးနှင်အသုံးပြုနိုင်မည့် လိုင်စင်များကို ပြုလုပ်ပေးရန် အစီအစဉ်ရှိမလားဟု သတင်းထောက်များက ဇွန်လ ၁၁ ရက်နေ့တွင် ပြုလုပ်သည့် ကယားပြည်နယ်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယနှစ်သက်တမ်း(၁)နှစ်တာ ကာလအတွင်း ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့ရာ ၎င်းက အထက်ပါအတိုင်း ဖြေကြားခဲ့သည်။

ကယားပြည်နယ်အတွင်း လိုင်စင်မဲ့ကားများ အသုံးပြုမှုအား ၂၀၁၈ ခုနှစ် မေလ ၃၀ ရက်နေ့ ဇွန်လ ၅ ရက်နေ့အထိ ပညာပေးကာလ တစ်ပတ်ကြာပြုလုပ်ပြီးနောက်ပိုင်း ကယားပြည်နယ်အဝင်အထွက်ဂိတ်များတွင် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအတွက် လိုင်စင်မဲ့ကား စီးနင်အသုံးပြုခွင့်မပြုထားဟု ဆိုသည်။

ကယားပြည်နယ်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ်များဝင်/ထွက် သွားလာမှု လျော့နည်းစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး ဖမ်းဆီးကာ တည်ဆဲဥပဒေတွေနဲ့အညီ အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ကြေညာထားသည်။

မေလ ၂၉ ရက်နေ့က ပြည်နယ်အစိုးရရုံး၌ ပြုလုပ်ခဲ့သော ကယားပြည်နယ်၊ တရားဥပဒေစို်းမိုးရေးနှင့် လုံခြုံရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လိုင်စင်မဲ့ကားများကို ဖမ်းဆီးအရေးယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ဇန်နဝါရီလ၏ စာရင်းအရ ကုန်းလမ်းပို့ဆောင်ညွှန်ကြားမှုဦးစီးဌာန(ကယားပြည်နယ်)ထံ မှတ်ပုံတင်ထားသော ယာဉ်အမျိုးအစားအားလုံး ၇ သောင်းခွဲကျော်ရှိသည်။

Most read this week

ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...
Photo - Crd
September 17, 2026
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့ အနောက်ဘက်ခြမ်းတွင် ယနေ့ စက်တင်ဘာ ၁၇ ရက်အထိ စစ်အုပ်စုတပ်က ဒရုန်း...
September 17, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မိဘမဲ့ဂေဟာအနီးသို့ စစ်အုပ်စုတပ်က စက်တင်ဘာ ၁၆...
September 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းမှ...