ငြိမ်းချမ်းရေးလမ်းကြောင်းကို ၂၀၀၈ ခြေ/ဥက အဟန့်အတားဖြစ်စေဟုဆို

ငြိမ်းချမ်းရေးလမ်းကြောင်းကို ၂၀၀၈ ခြေ/ဥက အဟန့်အတားဖြစ်စေဟုဆို
by -
ခူးစိုးရယ်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည်  စစ်တပ်ကို အကာအကွယ်ပြုထားသည့် ဖွဲ့စည်းပုံဖြစ်ပြီး မဏ္ဍိုင်ကြီး သုံးရပ်စလုံးတွင်  ပါဝင်ပတ်သက်နေခြင်းက ငြိမ်းချမ်းရေးဖေါ်ဆောင်မှုလမ်းကြောင်း အဓိက အဟန့်အတားဖြစ်စေကြောင်း ကယန်းအမျိုးသားပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်အန်ဂျလာသောင်းက ပြောသည်။

“တဖက်က စာပွဲပေါ်မှာတွေ့ပြီး ဆွေးနွေးနေသလို တဖက်က ထိုးစစ်လိုက်ဆင်နေတာလေး အဲ့တော့ ဘယ်လိုလို့ ငြိမ်းချမ်းရေးရနိုင်မလဲ။”ဟု ဒေါ်အန်ဂျလာသောင်းက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အားလုံး NCA လက်မှတ်ထိုးပြီးပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ပေးမည်ဟုဆိုသော တပ်မတော်၏ သဘောထားကို “အကုန်လုံး လက်မှတ်ထိုးပြီးမှ ပြင်မယ်ဆိုရင်  ဘယ်ချိန်မှ ပြင်တော့မှာလဲ။”ဟု ၎င်းက မေးခွန်းထုတ်သည်။

နိုင်ငံရေးပြဿနာ၊ ငြိမ်းချမ်းရေးပြဿနာနှင့် တိုင်းပြည်၏ အထွေထွေပြဿနာများကို ဖြေရှင်းရန်  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန် သို့မဟုတ် ဖျက်သိမ်းရန်လိုအပ်နေပြီဖြစ်ကြောင်း ဝေဖန်သူများက ဆိုနေကြသည်။

“ငြိမ်းချမ်းရေးကို အဓိက ဖြေလျော့ပေးနိုင်တဲ့သူကလည်း တပ်မတော်ပဲဖြစ်ပြီး အဓိက အဟန့်အတားဖြစ်တာလည်း တပ်မတော်ပဲ။”ဟု LAIN (Technical Support Group)၏ ဘုတ်အဖွဲ့ဝင် ခွန်းအသန်းက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံသည့် NCA လမ်းကြောင်းသည် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင်  ပြည့်စုံလုံလောက်မှုမရှိဟု ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲတွင် အများစုက ဆိုကြသည်။

ကယား(ကရင်နီ)ပြည်ရှိ လူထုဆန္ဒကို အခြေခံသည့် ငြိမ်းချမ်းရေးကို တည်ဆောက်ရန်၊ ညီညွတ်ခြင်းဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ရန်၊ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်ရန် ရည်ရွယ်ကာ ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ ကျင်းပခဲ့သည်။

၂၀၁၈ ခုနှစ် မေလ ၂၆ နေ့မှ ၂၈ ရက်နေ့ အထိ လွိုင်ကော်မြို့၊ ချိကယ်ကျေးရွာရှိ ကေ့ထျိုးဘိုးခန်းမတွင် ကျင်းပခဲ့သည့် အဆိုပါ နှီးနှောဖလှယ်ပွဲကို ကယားပြည်နယ်အတွင်းရှိ မြို့နယ် ၇ မြို့၊ မိုးဗြဲနှင့် ဖယ်ခုံဒေသခံများ ပါဝင်တက်ရောက်ခဲ့သည်။

ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...