"၀"ပြည်နယ် ပေါ်ပေါက်ရေး ဆွေးနွေးချက်တစ်ခုအဖြစ်သာ ရှိမည်

"၀"ပြည်နယ် ပေါ်ပေါက်ရေး ဆွေးနွေးချက်တစ်ခုအဖြစ်သာ ရှိမည်
by -
မဇ္ဈိမ
"ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရပြည်နယ် ဖြစ်လာရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ထောက်ခံပေး ရန် တောင်းဆိုခဲ့ သည့် "ဝ"ပြည် သွေးစည်းညီညွတ်ရေးပါတီက ယင်းသည် ဆွေးနွေးချက်တစ်ခုသာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အပါအဝင် အခြားပြင်ဆင်ချက်များ လုပ်ဆောင်ထားခြင်းမရှိဟု UWSA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က မဇ္စျိမကို ပြောသည်။

ပန်ဆန်းတွင်ပြုလုပ်သော တိုင်းရင်းသားညီလာခံတွင် "၀"ပြည်နယ် ရရှိရေးအတွက် ထောက်ခံရန် ပြောဆိုခဲ့သော်လည်း ထိုဆွေးနွေးချက်ကို ရှေ့ဆက်လုပ်ဆောင်ရန်နှင့် ပတ်သက်၍ "ဒါက ဆွေးနွေးချက်တစ်ခုပဲ ဖြစ်ပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်မှပဲ ဖြစ်နိုင်မယ်ဆိုတာ အားလုံးသိတယ်လေ။ ဒါကြောင့် အားလုံးကြိုးစားနေတဲ့ ဖွဲ့စည်းပုံပြင်ဆင်ဖို့အားလုံးနဲ့ ပူးပေါင်းဆောင် ရွက်သွားရမှာပေါ့" ဟု ဆိုသည်။

လက်ရှိတွင် "၀"ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်းအဖြစ်ရှိသော "၀"ဒေသသည် အင်္ဂလိပ်ခေတ်လက်ထက်တွင် "၀"ပြည်နယ် အဖြစ်ရှိခဲ့ခြင်းကြောင့် ထိုသို့ပြန်လည်တောင်းဆိုခြင်း ဖြစ်သည်ဟု ဆိုသည်။

"အစိုးရကို တင်ပြထားတဲ့အတွက် ဒါကိုစဉ်းစားမယ်ဆိုရင် ဖွဲ့စည်းပုံပြင်ဆင်မှု ပြီးစီးတဲ့အထိ ကျွန်တော်တို့က ဒီအတိုင်းပဲ ဆက်သွားပါမယ် တင်ပြတာကတော့ အရင်ကလည်း တင်ပြခဲ့တာပဲ "ဟု သူက ဆိုသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းသည် လက်ရှိတွင် ရှမ်းပြည်နယ်၏ အောက်တွင် တည်ရှိသည်။ "၀"လူမျိုးများသည် မြန်မာနိုင်ငံနှင့် တရုတ် ယူနန်နယ်စပ်ကြားရှိ တောင်တန်းများတွင် နေထိုင်ကြသည်။ ယူနန် နယ်စပ်မှ သံလွင်မြစ်အရှေ့ဘက်ကမ်းတိုင်အောင် အနှံ့အပြားနေထိုင်ကြသည်ဟု မြန်မာ့စွယ်စုံကြမ်းတွင် ဖော်ပြထားသည်။

စွယ်စုံကျမ်း၏  ဖော်ပြချက်အရ ၁၉၇၀ ရှေ့ပိုင်းကာလများတွင် ၀ဒေသ အကျယ်အဝန်းမှာ စတုရန်မိုင်း ၂၅၀၀ ကျော်ရှိသည်ဟုဖော်ပြ ထားသည်။

အင်္ဂလိပ်လက်ထက်တွင် မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော်လည်း ၀ ပြည်နယ်သည် အင်္ဂလိပ်သိမ်းပိုက်သည့် ၁၉၆၈ မတိုင်ခင်အထိ လူခေါင်းဖြတ်ပြီး ယဇ်ပူဇော်သည့် ဓလေ့ ရှိခဲ့ပြီးသော ဒေသလည်းဖြစ်သည်။

၁၉၈၉ ဧပြီတွင်မူ ဗကပ ခေါင်းဆောင်မှုကို ပုန်ကန်ပြီး ၀ပြည် သွေးစည်းညီညွတ်ရေး ပါတီနှင့် တပ်မတော် အဖြစ် ပြန်လည်ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။

May 15, 2026
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်အတွင်း မေလ ၁၂ ရက် ညနေပိုင်းက လူဦးရေအဆမတန်...
May 14, 2026
ပေါ်ထွန်း — မကွေးတိုင်းအတွင်းရှိ ပေါက်မြို့နယ်နှင့် ဆောမြို့နယ်များသို့ စစ်အုပ်စုက...
May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...