ရေမှော်ထူထပ်သော ဆည်ရေမြောင်းမှ ရေစီးရေလာမကောင်းသဖြင့် လယ်အတွက် ရေမလုံလောက်

ရေမှော်ထူထပ်သော ဆည်ရေမြောင်းမှ ရေစီးရေလာမကောင်းသဖြင့် လယ်အတွက် ရေမလုံလောက်
by -
ထျိုးမြာ

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဆောခီးဒေါရွာနားရှိ ဆည်မြောင်းမှ လယ်ကွင်းများသို့ ပေးဝေနေသော ဆည်မြောင်းလက်တံတွင်မြောင်းတွင် ရေမှော်များထူထပ်နေသဖြင့် ရေစီးအားနည်းကာ ရွာအောက်ပိုင်းရှိ လယ်များအတွက် ရေလုံလောက်စွာမရရှိသည်မှာ လဝက်လောက်ရှိပြီဖြစ်ကြောင်း ဒေသခံလယ်သမားများထံမှ သိရသည်။

အစောပိုင်းကတည်းက စတင်စိုက်ပျိုးနေသာ လယ်သမားများမှ ရေများကို သွယ်ယူသုံးစွဲမှုများနေသဖြင့် ရွာအောက်ပိုင်းရှိ လယ်များသို့ ရေမရောက်နိုင်တော့ကြောင်းလည်းဖြစ်သည်ဟု လွိုင်ကော်မြို့နယ်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ဦးစီးအရာရှိ (မြို့ပြ) ဦးခင်မောင်ထွေးက ပြောသည်။

“ကောက်စောစိုက်တဲ့သူတွေကို ကျွန်တော်တို့က မထိန်းနိုင်ဘူးဖြစ်နေတယ်။”ဟု ၎င်းက  ပြောသည်။

ဆည်မြောင်းဦးစီးဌာနမှ မြောင်းအတွင်း ပိတ်ဆို့နေသည့် မှော်များကို စက်ဖြင့် ရှင်းလင်းဖယ်ရှားနေပြီသဖြင့် ယခု  ရက်ပိုင်းအတွင်း အောက်ပိုင်းရှိ လယ်များပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လယ်ကွင်းသို့ ပုံမှန်ပေးပို့နေသော  ဆော်ခ်ီးဒေါရွာမြောက်ဘက်ရှိ ဘီလူးချောင်းမြစ်ရေတင်စက်မှ ရေများ ပို့လွှတ်မှုကို ရပ်ဆိုင်းထားခြင်းကြောင့်လည်း အခက်တွေ့နေရကြောင်း ဦးခင်မောင်ထွေးက ပြောသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ရေအရင်အမြစ်ကနေမှဗျာ ကျွန်တော်တို့ မိုင်နာ ၁၁ မှာ ဘီလူးချောင်းက စုပ်တဲ့ ပန် ရှိတယ်လေး။ အမှန်က အဲ့ပန့်ကနေ ကျွန်တော်တို့ လက်ဝဲမြောင်းထဲကိုထည့် လက်ဝဲမြောင်းထဲရောက်တဲ့ရေမှ ဆော်ခီးဒေါပန့်ကနေ ထုတ်သင့်တယ်ဗျား။”ဟု ဦးခင်မောင်ထွေးက ပြောသည်။

မြစ်ရေတင်စက်အတွက် တပ်ဆင်ထားသည့် လျှပ်စစ် Transformer ချို့ယွင်းနေသဖြင့်  ပြန်လည်ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မှ ဦးစီးအရာရှိ(လျှပ်စစ်) ဦးဉာဏ်လင်းညွန့်က ရှင်းလင်းသည်။

“လွန်ခဲ့တဲ့ ၁၄ ရက်လောက်က   မိုးကြိုးဝင်သွားတော့ လှောင်သွားတယ်။ အဲ့ Transformer ကို  ပြန်ပြင်ဖို့ အမြန်ဆုံးလုပ်နေပါတယ်။ Transformer ပြင်ပြီးပြီးချင်းကို ချက်ချင်းပဲ ရေအမြန်ပေးမှာပါဗျ။”ဟု ၎င်းက ပြောသည်။

မေလ ၂၀ ရက်နေ့က ဒေါပေါ်ကလဲကျေးရွာအုပ်စုနှင့် အနီးအနားရှိ ကျေးရွာများက လယ်သမားများက စုပေါင်းလျှက်  ရေစီးရေလာကောင်းမွန်ရေး မြောင်းတွင်းထူထပ်နေသော မှော်များကို ရှင်းလင်းခဲ့ကြသည်။

ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...