ငြိမ်းချမ်းရေးတွင် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၏ အခန်းကဏ္ဍအတွက် ဆွေးနွေး

ငြိမ်းချမ်းရေးတွင် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၏ အခန်းကဏ္ဍအတွက် ဆွေးနွေး

ထိုင်း-မြန်မာ စွန့်ဦးတီထွင် လုပ်ငန်းရှင်များအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် မည်သို့ ပါဝင်နိုင်ကြမည်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဆွေးနွေးခဲ့ကြသည်။

အလုပ်ရုံ ဆွေးနွေးပွဲကို ထိုင်းနိုင် ချင်းမိုင်မြို့ရှိ Payap University (ဖရပ်တက္ကသိုလ်) မှ Institute of Religion Culture and Peace Department (IRCP) (ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ငြိမ်းချမ်းရေးဌာန)က ကမကထ ပြုလုပ်ကာ မေလ ၉ ရက်နေ့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

“ဒီ workshop (ဆွေးနွေးပွဲ) ကို လုပ်တဲ့ရည်ရွယ်ချက်က အဓိက ငြိမ်းချမ်းရေး တည်ဆောက်တဲ့အခါမှာ အောက် ခြေလူတန်း စားတွေ တကယ့်သက်ရောက်ခံရတဲ့ ဒုက္ခသည်တွေ မေ့မထားပဲနဲ့ သူတို့အတွက်ကော စဉ်းစားပြီး သူတို့အတွက် စီးပွားရေး လူမှုရေးပေါ့နော် ခိုင်မာလာအောင် သူတို့အတွက်ပါ စဉ်းစားပြီး ဘယ်လိုလုပ်ကြမလဲ ဆိုတာကို ထိုင်း-မြန်မာ နှစ်နိုင်ငံကြားမှာ ဆွေးနွေးတဲ့သဘောပါ” ဟု Institute of Religion Culture and Peace Department (IRCP) (ဘာသာရေး၊ ယဉ်ကျေးမှု နှင့် ငြိမ်းချမ်းရေး ဌာန) က ဒေါ်မွန်မွန်မြတ်က ပြောသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ လူမှုစီးပွား စွန့်ဦးတီထွင်သူများနှင့် ပတ်သက်သည့် တတ်သိပညာရှင်များ၊ ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် ပတ်သက်သည့် သိကျွမ်းနားလည်သော ပညာရှင်များအပြင် မြန်မာနိုင်ငံ၏ လက်ရှိ ငြိမ်းချမ်းရေး အနေအထားနှင့် နယ်စပ်ဒေသရှိ ဒုက္ခသည်အရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ထဲထဲဝင်ဝင် လေ့လာထားသည့် အဖွဲ့အစည်းများက တက်ရောက်ဆွေးနွေးခဲ့ကြသည်။

“ဆရာအနေနဲ့ကတော့ Social Entrepreneur (လူမှုဆိုုင်ရာ စွန့်ဦးတီထွင်သူ) အကြောင်း ၊ နောက်တစ်ခါ ဆရာတို့အနေနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ရည်မှန်းချက်တွေ အကြောင်း ရဖို့ရယ်။ နောက်တတိယပိုင်းကတော့ မြန်မာပြည်မှာလုပ်နေတဲ့ ငြိမ်းချမ်း ရေးနဲ့ စီးပွားရေး အဲဒီအကြောင်းကို ဆွေးနွေးဖို့ပါ။ ဆိုတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ပြောရင် လက်မှတ်ထိုးတာတို့ အဲဒီကိစ္စ မဟုတ်ဘူး။ ဆရာအနေနဲ့ကတော့ အဓိကကတော့ Business for Peace (ငြိမ်းချမ်းရေးအတွက် စီးပွားရေး) အကြောင်းပြောဖို့ပါပဲ” ဟု ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၀) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် နော်စူစဲန်နာလှလှစိုး ကလည်း ဆွေးနွေးပွဲတွင် တက်ရောက် စကားပြောခဲ့ည်။ “Peace Building နဲ့ Social Entrepreneur ကို ခြုံငုံပြီးတော့ ကျွန်မ အဲအပေါ်မှာပဲ မူတည်ပြီးတော့ ပြောသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

မေလ ၁၉ ရက်နေ့တွင် ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲသည် ထိုင်း-မြန်မာ နှစ်နိုင်ငံကြား အခြေခံသည့် ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းအား မည်ကဲ့သို့ လုပ်ဆောင်မည်ကို ဆွေးနွေးသည့် အဆင့်သာဖြစ်ပြီး လာမည့်နှစ်များတွင် နိုင်ငံတကာအဆင့်အထိ လုပ်ဆောင်သွားမည့် အစီအစဉ်ရှိသည်ဟု ပွဲစီစဉ်သူများက ပြောသည်။

“ဒီဆွေးနွေးကနေပြီးတော့ တစ်ခြားနိုင်ငံတွေ ဘယ်လိုလုပ်ကြသလဲဆိုတဲ့ တစ်ခြားတွေ လေ့လာလို့ရတယ် ဥပမာ နီပေါတို့ ဖိလစ်ပိုင်းတို့ အင်ဒိုနီးရှားတို့လို နိုင်ငံတွေမှာ ဒီစွန့်ဦးတီထွင် လုပ်ငန်းရှင်တွေအနေနဲ့ ဒီငြိမ်းချမ်းရေး တည်ဆောက်မှုမှာ တစ်ဖက်တစ်လမ်း ဘယ်လိုပါဝင်နိုင်ကြသလဲဆိုတဲ့ အကြောင်းအရာတွေကို ပြောနိုင်မှာပေါ့နော ဆိုတော့ အဲဒီကနေပေါ့နော ကျမတို့ သင်ခန်းစာတွေ ယူလို့ရတယ်လို့ ထင်ပါတယ်” ဟု ဒေါ်မွန်မွန်မြတ် က ဆက်ပြောသည်။

Institute of Religion Culture and Peace Department (IRCP) အနေဖြင့် မေလ ၁၉ ရက်နေ့က ပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲသည် ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး ယခုကဲ့သို့ ဆွေးနွေးပွဲများကို ပြုလုပ်ခြင်းအားဖြင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် တစ်စုံတစ်ရာ အထောက်အကူပြုလာနိုင်မည်ဟု ပွဲစီစဉ်သူများက ပြောသည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...