လွိုင်ကော်ဘူတာရုံမှ သိမ်းယူထားသော မြေအတွက် မူလပိုင်ရှင်များထံ လျော်ကြေးငွေ ပြန်ပေး

လွိုင်ကော်ဘူတာရုံမှ သိမ်းယူထားသော မြေအတွက် မူလပိုင်ရှင်များထံ လျော်ကြေးငွေ ပြန်ပေး
by -
နော်ဒွေးအယ်ခူ

မြန်မာ့မီးရထားမှ လွိုင်ကော်ဘူတာရုံမှ သိမ်းယူအသုံးပြုထားသည့် မြေအတွက် မူလပိုင်ရှင်တောင်သူများထံသို့ မြေယာလျော်ကြေးငွေများ ပြန်လည်ပေးအပ်လိုက်သည်။

ယင်းလျော်ကြေးများကို ယမန်နေ့ (မေလ ၃ ရက်နေ့) နံနက် ၁၀ အချိန်က ပြည်နယ်အစိုးရခန်းမ၌ အခမ်းအနားဖြင့် ပေးအပ်ခဲ့သည်။

သိမ်းဆည်းမြေများနှင့် ပတ်သက်၍ အသုံးမပြုသောမြေများအား မူလပိုင်ရှင်တောင်သူများထံသို့ ပြန်လည်စွန့်လွတ်နိုင်ရေး၊ အသုံးပြုပြီးဖြစ်ပါကလည်း မူလပိုင်ရှင်များအား သင့်လျော်သည့် လျော်ကြေးများ ပေးအပ်ခြင်းမရှိပါက လျော်ကြေးများ ပေးအပ်နိုင်ရေး ချမှတ်ထားသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ မူဝါဒလုပ်ငန်းစဉ်များနှင့်အညီ တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုမှ အခမ်းအနားတွင် အမှာစကားပြောကြားသည်။

လွိုင်ကော်ဘူတာရုံဧရိယာသည် ၄၄.၈၅၉ ဧကရှိသည့်အနက် တောင်သူများ၏ မြေယာ ၄၃.၂၄ ဧက ပါဝင်သည်။ မြေယာအား မူလပိုင်ဆိုင်သူ ၆ ဦး ရှိကာ ၎င်းတို့၏ နစ်နာမှုအတွက် လယ်မြေ ၁ ဧကလျှင် ကျပ်သိန်း ၅၀ နှုန်း၊ ယာမြေ ၁ ဧကလျှင် ကျပ်သိန်း ၄၀ နှုန်းဖြင့် လျော်ကြေးငွေပေးအပ်ခဲ့သည်။

ပထမအကြိမ်ပေးအပ်ရာတွင် တောင်သူဒေါ်ငွေရင်ပိုင်ဆိုင်သည့် လယ် ၁၅.၃၆ ဧကအတွက် ငွေကျပ် ၇၈၆ သိန်းအား ဆက်စပ်အကျိုး ခံစားခွင့်ရှိသူများထံသို့ ပေးအပ်ခဲ့ပြီး ဖြစ်သည်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးအယ်ဖောင်းရှိုမှ မြေယာလျော်ကြေးငွေတက်ရောက် လက်ခံယူသော ဦးလှထွန်းနှင့့် ဦးထိုးရယ်တို့အား ၎င်းတို့ အကျိုးခံစားခွင့်ရှိသည့် မြေဧရိယာအပေါ် လျော်ကြေးငွေကို ဒုတိယအကြိမ်အဖြစ် ပေးအပ်ခဲ့သည်။

လွိုင်ကော်ဘူတာရုံမြေနေရာအတွက် တောင်သူ(၆)ဦး၏ မြေယာပိုင်ဆိုင်မှု ၄၃.၂၄ ဧကအတွက် မြေယာလျော်ကြေးငွေ ပေးချေမှုပြီးစီးမှုသည် စုစုပေါင်း ၂၃.၅၄၆ ဧက ကို လျော်ကြေးငွေ ပေးအပ်ခဲ့ပြီးဖြစ်သည်။ လက်မခံသည့်လျော်ကြေးငွေများအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည်အပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ပြည်နယ်လွတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်နယ်/ခရိုင်/ မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြန်မာ့မီးရထားမှ တာဝန်ရှိသူများ၊ မူလပိုင်ရှင်တောင်သူများ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။

ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...
Photo - Crd
September 17, 2026
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့ အနောက်ဘက်ခြမ်းတွင် ယနေ့ စက်တင်ဘာ ၁၇ ရက်အထိ စစ်အုပ်စုတပ်က ဒရုန်း...
September 17, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မိဘမဲ့ဂေဟာအနီးသို့ စစ်အုပ်စုတပ်က စက်တင်ဘာ ၁၆...