မွန်အမျိုးသမီးဖိုရမ် ကျင်းပမည်

မွန်အမျိုးသမီးဖိုရမ် ကျင်းပမည်
မွန်အမျိုးသမီးများ နှီးနှောဖလှယ်ပွဲ-၂၀၁၇(Photo/Facebook)
မွန်အမျိုးသမီးများ နှီးနှောဖလှယ်ပွဲ-၂၀၁၇(Photo/Facebook)

မွန်အမျိုးသမီးကွန်ရက် (MWN) မှ ဦးစီး၍ ယနေ့ ဧပြီလ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ၊ မော်လမြိုင်မြို့ရှိ ဓမ္မကာမီပရိယတ္ထိစာသင်တိုက်တွင် မွန်အမျိုးသမီးဖိုရမ်တစ်ရပ် ကျင်းပသွားမည်ဖြစ်ကြောင်း ယင်းကွန်ရက်ထံမှ သိရသည်။

အဆိုပါဖိုရမ်သည် လာမည့် မေလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ရေးမြို့နယ်၌ ကျင်းပမည့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးအတွင်း မွန်အမျိုးသမီးနှင့်ပတ်သက်သော စာတမ်းတစ်စောင် ထွက်ရှိရန်နှင့် မွန်အမျိုးသမီးထုအသံတစ်ရပ် ပါဝင်လာစေရန် ရည်ရွယ်ပြီး ပြုလုပ်ရခြင်း ဖြစ်သည်ဟု မွန်အမျိုးသမီးကွန်ရက် MWN ဦးဆောင်ကော်မတီ မိထောဉာဏ်က ပြောသည်။

“လက်ရှိနိုင်ငံရေးအခြေအနေမှာက မွန်ပြည်သစ်ပါတီလည်း (NCA) ထိုးထားပြီးပြီ၊ ဒီ NCA လုပ်ငန်းစဉ်မှာ လုပ်သင့်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီးထုတစ်ရပ်အနေနဲ့ ပါဝင်လာစေချင်တယ်။ နိုင်ငံရေးအတွေ့အကြုံတွေလည်း ရစေချင်တယ်” ဟု MWN ဦးဆောင်ကော်မတီ မိထောဉာဏ်က ပြောသည်။

ယင်းကဲ့သို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သယံဇာတ ခေါင်းစဉ်အပေါ်အခြေခံပြီး မွန်အမျိုးသမီးထုအသံဖြင့် စာတမ်းတစ်စောင် ထွက်ရှိလာပါက မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှတစ်ဆင့် ပြည်ထောင်စုငြိမ်းချပ်းရေးညီလာခံဆီသို့ ပါဝင်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ယင်းကွန်ရက်ထံမှ သိရသည်။

“အခုဒေသအဆင့်ဆင့်မှာ ပြုလုပ်နေတဲ့နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေပါဝင်တာနည်းတယ်၊ အမျိုးသမီးတွေအနေနဲ့ အရည်အချင်းရှိရှိ ဆွေးနွေးနိုင်အောင် အလေ့အကျင့်လုပ်ပေးတာလည်း ပါတယ်”ဟု MWN ဦးဆောင်ကော်မတီ မိချယ်ရီစိုးက ပြောသည်။

အမျိုးသမီးနှင့်ပတ်သက်သည့် ညီလာခံများကို ယခင်က ကျင်းပခဲ့ခြင်းရှိသော်လည်း ယခုကျင်းပမည့် နိုင်ငံရေးနှင့် ပတ်သက်သည့်ဖိုရမ်သည် ပထမအကြိမ်ဖြစ်ပြီး အမျိုးသမီး အယောက် ၁၀၀ ခန့် ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ယင်းကွန်ရက်ထံမှ သိသည်။

May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...