စစ်တောင်းစက္ကူစက်တွင် ရင်နှီးမြှုပ်နှံခွင့်ရရန် ကိုရီးယားကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့ မွန်ပြည်နယ်အစိုးရအဖွဲ့ထံ လာရောက်တင်ပြ

စစ်တောင်းစက္ကူစက်တွင် ရင်နှီးမြှုပ်နှံခွင့်ရရန် ကိုရီးယားကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့ မွန်ပြည်နယ်အစိုးရအဖွဲ့ထံ လာရောက်တင်ပြ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာရှိ စစ်တောင်းစက်က္ကူစက်တွင် ရင်နှီးမြှုပ်နှံခွင့်ရရန် ကိုရီးယားနိုင်ငံမှ Korea Industrial Complex ကုမ္ပဏီနှင့် တရုတ်နိုင်ငံမှ Famsun Agriculture Industry Zone ကုမ္ပဏီတို့ မွန်ပြည်နယ်အစိုးရအဖွဲ့ထံ လာရောက်တင်ပြကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်သားလူမျိုးရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်က ပြောကြားသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ကိုရီးယားနိုင်ငံမှ Korea Industrial Complex ကုမ္ပဏီသည် ဖေဖေါ်ဝါရီလနောက်ဆုံးအပတ်တွင် လာရောက်တွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံမှ Famsun Agriculture Industry Zone ကုမ္ပဏီက မတ်လ ပထမအပတ်တွင် လာရောက်တွေ့ဆုံခဲ့ကြောင်း ၎င်းက ပြောသည်။

ကိုရီးယားနိုင်ငံမှ Korea Industrial Complex ကုမ္ပဏီနှင့် တရုတ်နိုင်ငံမှ Famsun Agriculture Industry Zone ကုမ္ပဏီတို့က စစ်တောင်းစက်က္ကူစက်တွင် ရင်နှီးမြှုပ်နှံရန် အရမ်းစိတ်ဝင်စားနေပြီ ကုမ္ပဏီနှစ်ခုလုံးက ၎င်းတို့ ရင်နှီးမြှုပ်နှံမည့်ကိစ္စကို မွန်ပြည်နယ်အစိုးရအဖွဲ့အား ရှင်းပြခဲ့ကြောင်း ၎င်းက ပြောသည်။

“ဝန်ကြီးချုပ်က ပြောတဲ့အမြန်ဆုံးလာတဲ့ ကုမ္ပဏီကတော့ အခွင့်အရေးရမှာပေါ့နော်၊ ဟိုကလဲ အမြန်ဆုံးလာ ဒီကလဲအမြန်ဆုံးလာတဲ့ဆိုတော့ ဝန်ကြီးချုပ်က ဝေခွဲရခက်နေတော့ ပြည်ထောင်စုကို တင်ပြပေးမယ်၊ ပြည်ထောင်စုက သဘောတူတဲ့ဆိုလိုရှိရင် တင်ဒါခေါ်မယ်၊ အဲခါကျမှ ရတဲ့သူကို ပေးမှာပေါ့”ဟု ဒေါ်စံဝင့်ခိုင်က ပြောသည်။

စစ်တောင်းစက်က္ကူစက်တွင် လုပ်ကိုင်ခဲ့သော ဝန်ထမ်းဟောင်းများကို အလုပ်အကိုင် မြန်မြန်ပြန်ရစေချင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

စစ်တောင်းစက္ကူစက်ရုံမှ မြေဧရိယာ ၆၉၈ ဒဿမ ၄၂ ဧကနှင့် ယင်းမြေပေါ်ရှိ အဆောက်အဦးများ၊ စက်ပစ္စည်းများ၊ လျှပ်ဓါတ်အားခွဲရုံများ၊ Transfomer များ၊ ရေပေးဝေရေးစက်ရုံနှင့် ဆက်စပ်ပစ္စည်းများ၊ ဝန်ထမ်းအိမ်ရာအဆောက်အဦးများ(ပတ္တမြားရပ်ကွက် ဝင်ကြီး)နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ပိုင် စက်မှုကုန်ကြမ်းစိုက်ခင်းမြေ ၉ ဒဿမ ၉၃၀ ဧကအတွက် ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီလီမိတတ်မှ အစိုးရအဖွဲ့ကိုယ်စား စိုက်ထုတ်ပေးသွင်းငွေကျပ် ၄၆၄ ဒဿမ ၅၀၁ သန်းတို့အား မွန်ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်လှူဒါန်းရန် ပြည်နယ်အစိုးရအဖွဲ့မှ ခွင့်ပြုခဲ့ပြီးဖြစ်၍ လုပ်ငန်းဆက်လက်ဆောင်ရွက်ရန် မရှိတော့ သဖြင့် ၃၀.၁၁.၂၀၁၇ ရက်မှ စစ်တောင်းစက္ကူစက်ရုံအား ပိတ်သိမ်းကြောင်း ရွှေသံလွင် ကုမ္ပဏီလီမိတတ်မှ ကြေညာခဲ့သည်။

အမှတ် (၁) စစ်တောင်းစက္ကူစက်ရုံကြီးသည် မြန်မာနိုင်ငံတွင်ရှိသောပျော့ဖတ်နှင့် စက္ကူစက်ရုံသမိုင်းတွင် ပထမဆုံးတည်ထောင်ခဲ့သောစက်ရုံဖြစ်ပြီးမြန်မာ - တရုတ်စီးပွားရေးနှင့် ကျွမ်းကျင်မှု ပူးပေါင်းဆောင်ရွက်သောသဘောတူစာချုပ်အနေဖြင့် ၁၉၆၁ ခုနှစ်တွင် နှစ်နိုင်ငံချစ်ကြည်ရေးဖြင့် စတင်တည်ထောင်ခဲ့ပြီး ၁၉၇၀ - ၁၉၇၁ ခုနှစ်တွင် စမ်းသပ် လည်ပတ်ခဲ့သည်။

စစ်တောင်းစက္ကူစက်ရုံသည် နှစ်ပေါင်း ၄၀ လည်ပတ်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှ စတင်၍ ရွှေသံလွင် ပုဂ္ဂလိကကုမ္ပဏီသို့လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - Earthquake People's Defence Force
June 27, 2026
မကွေးတိုင်း ပခုက္ကူခရိုင်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြားတိုက်ပွဲ ဖြစ်ပွားပြီး...
ဓာတ်ပုံ-MOI
June 26, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို  မှတ်ပုံတင် ...
June 25, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရတခတိုင်းမှူးအသစ် လက်ထက်မှာ...
ဓာတ်ပုံ-MOI
June 24, 2026
မွန်ပြည်နယ်မှာ သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ဥပဒေအတိုင်း မရွေးချယ်ဘဲ...