လားရှိုးရှိ ဧရာဝတီဘဏ်နှင့် ရိုးမဘဏ်အကြား ဗုံးပေါက်ကွဲမှု ဖြစ်၊ ဘဏ်ဝန်ထမ်းများ ထိခိုက်ဒဏ်ရာရ

လားရှိုးရှိ ဧရာဝတီဘဏ်နှင့် ရိုးမဘဏ်အကြား ဗုံးပေါက်ကွဲမှု ဖြစ်၊ ဘဏ်ဝန်ထမ်းများ ထိခိုက်ဒဏ်ရာရ
by -
ရဲနိုင်(လောက်ကိုင်)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ၂ ရပ်ကွက်ရှိ ဧရာဝတီဘဏ်နှင့် ရိုးမဘဏ်ကြားတွင် ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်၊ မွန်းလွဲ ၄ နာရီခွဲခန့်အချိန်တွင် ပြင်းထန်သည့် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် ဘဏ်မျက်နှာစာ၊ ပြည်သူ့ကျန်းမာရေးမှူးရုံးရှိ မှန်ပြတင်းပေါက်များ၊ ၃ ဘီးဆိုင်ကယ် ၁ စီးနှင့် ကား ၃ စီးခန့် ပျက်စီးသွားကြောင်း ကနဦး သိရသည်။

“ မိုင်းလို့ပြောတယ်။ နောက်ထပ်မိုင်းတစ်လုံးထပ်ရှာတွေ့ထားတယ်တဲ့။ အခုလက်ရှိတော့ စနက်တံဖြုတ်ပြီး သွားပြီတဲ့။ စစ်တပ်ရော၊ ရဲရော ကြက်ခြေနီတွေရော လာနေကြတယ်။ ရိုးမဘဏ်ကရော ဝန်ထမ်း ၅ ယောက် လောက်  ပြင်းထန်ထိခိုက်ဒဏ်ရာရသွားတယ်ပြောတယ်။ သေသွားတယ်လို့လည်း ကြားတယ်။ ငိုနေကြတာ တော့ တွေ့တယ်။ မသေချာသေးဘူး။ ဧရာဝတီဘဏ်ရှေ့က   ပြည်သူကျန်းမာရေးမှူးရုံးက ရှိသမျှမှန်တွေလည်း ကွဲသွားတယ်။ အနီးအနားမှာရှိတဲ့ ဆိုင်ခန်းတွေလည်း ထိခိုက်မှုရှိတယ်။ ကားက နှစ်စီး၊ သုံးစီးလောက်ရှိမယ်။ သုံးဘီးကတစ်စီး ပျက်စီးနေတာတွေ့တယ်။ အခုလက်ရှိမှာတော့ တာဝန်ရှိသူတွေ စစ်ဆေးမှုတွေလုပ်နေတာ တွေ့ရပါတယ်”ဟု လားရှိုးမြို့နယ်မှ ဒေသခံတစ်ဦးမှ မဇ္စျိမသို့ ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်၊ ၅ နာရီ၊ ၄၃ မိနစ်တွင် ပြောသည်။

လက်ရှိတွင် ဘဏ် ၂ ဘဏ်နှင့် ပတ်သက်ပြီး ငွေကြေးဆုံးရှုံးမှု တစုံတရာ မသိရှိရသေးဘဲ ရိုးမဘဏ်ဘက်မှ ဝန်ထမ်းများ ထိခိုက်မှုရှိကြောင်း ထုတ်ပြန်ထားသည်။

“ ယနေ့ ညနေ ၄ နာရီခွဲဝန်းကျင် ရိုးမဘဏ် (လားရှိုး-၁) ဘဏ်ခွဲ အနီးတွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ပေါက်ကွဲမှု ဖြစ်ရသည့် အကြောင်းအရင်းကို သိရှိရခြင်း မရှိရသေးပဲ သက်ဆိုင်ရာအဖွဲအစည်း များ ဖြင့်အတူတကွလုပ်ဆောင်လျက်ရှိသည်။ ယင်းပေါက်ကွဲမှုကြောင့် ရိုးမဘဏ် ဝန်ထမ်းအချို့ထိခိုက်ဒဏ်ရာရရှိမှု နှင့် ပျက်စီးမှုများ ရှိခဲ့သည်” ဟု ယနေ့ ညနေ ၅ နာရီခွဲခန့်တွင် ထုတ်ပြန်ထားသည်။

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...