ရခိုင်ကျောင်းသားရဟန်တော်များအဖွဲ့(ထိုင်းနိုင်ငံ)မှ မြောက်ဦးဖြစ်စဉ် ထိခိုက်နစ်နာသူများသို့ ငွေကျပ်သိန်း ၄ဝ ကျော်လှူဒါန်း

ရခိုင်ကျောင်းသားရဟန်တော်များအဖွဲ့(ထိုင်းနိုင်ငံ)မှ မြောက်ဦးဖြစ်စဉ် ထိခိုက်နစ်နာသူများသို့ ငွေကျပ်သိန်း ၄ဝ ကျော်လှူဒါန်း
by -
နောင်ခိုင်အောင်

ထိုင်းနိုင်ငံရောက် ရခိုင်ကျောင်းသားရဟန်းတော်များအဖွဲ့မှ ဇန်နဝါရီလ ၁၆ နေ့က ဖြစ်ပွားခဲ့သည့် မြောက်ဦး ဖြစ်စဉ်တွင် သေဆုံးခဲ့ရသူ၏ မိသားစုဝင်များ၊ ဆေးကုသခံယူခဲ့ရပြီးနောက် ထောင်ထဲ ရောက်သွားသူများ မိသားစုဝင်များအတွက် ငွေကျပ် သိန်းလေးဆယ်ငါးသောင်းကို လှူဒါန်းလိုက်သည်။

“ သူတို့တွေအထဲမှာ ခုနှစ်ဦးကအသက်ဆုံးရှုံးခဲ့ရတယ်။ နောက်ပြီးတော့ ဒဏ်ရာရတဲ့ လူတွေ ကလည်း ဖမ်းဆီးခံရ၊ ရုံးတက်ရ ဖြစ်နေတဲ့အချိန်မှာ ဒီလို ပံ့့ပိုး ကူညီမှုတွေလိုအပ်နေတယ်။ ဒီအတွက်ကြောင့် သူတို့အတွက် တစ်ထောင့်တစ်နေရာမှာ အသုံးပြုနိုင်လိမ့်မယ်လို့ ယုံကြည့်တဲ့ အတွက် ဦးဇင်းတို့က ဒီလိုမျိုးပံ့ပိုးကူညီပေးတာဖြစ်ပါတယ်” ဟု ရခိုင်ကျောင်းသား ရဟန်း တော်များ အဖွဲ့(ထိုင်းနိုင်ငံ)ကိုယ်စား အလှူငွွေလာရောက်လူဒါန်းပေးသည့် ရက္ခပူရ ပညာရေး ဖောင်ဒေးရှင်းတည်ထောင်သူ ဆရာတော် ဦးသုတက မိန့်ကြားသည်။

လှူဒါန်းငွေကို ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ နေ့လယ်ပိုင်းက မြောက်ဦးမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်းရုံးတွင် လာရောက်လှူဒါန်းရာ သေဆုံးသူခဲ့ရသူများ၏ မိသားစုဝင် တစ်စုလျှင် ငွေကျပ်နှစ်သိန်း ငါးသောင်းကျပ်စီထောက်ပံ့ခဲ့ပြီး ဆေးကုသခံယူနေသည့် မိသားစုဝင်များအား ငွေကျပ် ၂ သိန်းကျစီ အသီးသီးလှူဒါန်းခဲ့ကြသည်။

“ အခုလို ကူညီလှူဒါန်းတဲ့ အတွက် အရမ်းဝမ်းသာပါတယ်။သူတို့တွေ အတွက် ကူညီကြတဲ့အပေါ် သူတို့တွေအတွက် ဂုဏ်ယူမိပါတယ်” အလှူလက်ခံသူ မိသားစုဝင် တစ်ဦးကပြောသည်။

လှူဒါန်းမှုကို သေဆုံးသူ (၇)ဦးနှင့် ထောင်ထဲရောက်နေသူ(၁၂)တို့အတွက် ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။

သေဆုံသူ(၇)ဦးမှာ ကိုကျော်သိန်းစိုး (၁၅) နှစ်၊ ကိုမင်းကျော်သန်း (၁၆) နှစ်၊ ကိုဦးသန်းမောင် (၁၈) နှစ်၊ ကိုမောင်ဆန်းချေ (၂၁) နှစ်၊ ကိုကျော်နိုင်ဝင် (၂၃) နှစ်၊ ကိုညီညီကျော် (၃၁) နှစ်၊ ကိုအောင်နိုင်လင်း (၃၅) နှစ်တို့ဖြစ်သည်။

ဒဏ်ရာရပြီး ထောင်ထဲရောက်ကာ အမှုရင်ဆိုင်နေရသူများမှာ 

ကိုမောင်အောင်နိုင်- ဆင်ချဆိပ် ရွာသစ်၊ 

ကိုကျော်ဝင်းနိုင်- လက်ကောက်ဈေးရပ်ကွက်၊ 

ကိုအောင်ဌေး- ဘုရားပေါ်ရပ်ကွက်၊ ကိုအောင်ကျော်မြင့်- အောင်မင်္ဂလာရပ်ကွက်၊ 

ကိုထွန််းကျော်စိန်- ဘုရားလှ(ပြင်လှ)ကျေးရွာ၊ 

ကိုအောင်ကျော်ဦး- အောင်မင်္ဂလာရပ်ရွက်၊ 

ကိုဦးသန်းဇော်- အောင်မင်္ဂလာရပ်ကွက်၊ 

ကိုဦးသန်း – မြင်းခုန်တန်းရပ်ကွက်၊ 

ကိုကျော်နိုင်ဝင်း- ဆင်ချဆိပ်ရွာမ၊ 

ကိုကျော်မင်းစိုး- နန်းကျားကျေးရွာ၊ 

ကိုကျော်နိုင်- ရွှေတောင်ရပ်ကွက်၊ 

ကိုရွွှေမောင်- မြင်းခုန်းတန်းရပ်ကွက်တို့ဖြစ်သည်။

May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...