ရခိုင်ပန်းထိမ်ပညာရှင်များ(ရန်ကုန်)မှ ရခိုင်ပြန်လည်ထူထောင်ရေးအတွက် CRR သို့ ကျပ်သိန်း ရ၀ လှူဒါန်း

ရခိုင်ပန်းထိမ်ပညာရှင်များ(ရန်ကုန်)မှ ရခိုင်ပြန်လည်ထူထောင်ရေးအတွက် CRR သို့ ကျပ်သိန်း ရ၀ လှူဒါန်း

ရခိုင်ပန်းထိမ်ပညာရှင်များ လူမှုစောင့်ရှောက်ရေးအသင်း (ရန်ကုန်)မှ အနောက်ဘက်နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေး အထောက်ပြု ကော်မတီ (CRR) သို့ ကျပ်ငွေသိန်း (၇၀) လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

၎င်းငွေများကို မောင်တောမြို့နယ်နှင့် ရသ့တောင်မြို့နယ် မယူကမ်းတောင်ပိုင်းတို့တွင် ရခိုင်အိုးအိမ်များ ပြန်လည် ထူထောင်နိုင်ရေးအတွက် ရည်ရွယ်လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

ယခုလ (ဖေဖော်ဝါရီ) ၁၅ ရက်နေ့၎င်းငွေများကို ရန်ကုန်မြို့တွင် ရခိုင်ပန်းထိမ်ပညာရှင်များ လူမှုစောင့်ရှောက်ရေးအသင်း (ရန်ကုန်)မှ တာဝန်ရှိသူများ လာရောက် လှူဒါန်းရာ CRR ဥက္ကဋ္ဌ သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းက လက်ခံရယူခဲ့သည်။

“ ခုလို လှူဒါန်းတဲ့ အတွက် အရမ်းဝမ်းသာပါတယ်။ ရခိုင်ပန်းထိမ်ပညာရှင်တွေ အနေနဲ့ ရန်ကုန်မြို့မှာ လာရောက် အခြေချနေထိုင်ပြီး အောင်မြင်မှု ရနေပေမယ့် ကိုယ့်ရပ် ကိုယ်ဒေသမှာ ဒုက္ခရောက်နေကြတဲ့ ကိုယ့်ရခိုင်မိသားစုတွေကို စာနာစိတ်နဲ့ လာရောက်လှူဒါန်းတာဟာ အလွန်မွန်မြတ်ပြီး ဂုဏ်ယူစရာလည်း ကောင်းပါတယ်။ ဒီလို လှူုဒါန်းတာဟာ တော်တော်ကြည်နူးစရာကောင်းသလို သာဓုခေါ်စရာလည်း ကောင်းပါတယ်” ဟု CRR ဥက္ကဋ္ဌ ဒေါက်တာ အေးချမ်းက နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

အနောက်ဘက်နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေး အထောက်ပြု ကော်မတီ (CRR)သည် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ပြန်လည် အခြေချနေထိုင်လိုသူ ရခိုင်တိုင်းရင်းသား များအတွက် အိုးအိမ်များ တည်ထောင်ပေးနေသည့် အဖွဲ့အစည်းဖြစ်ပြီး လက်ရှိ အချိန်တွင် ရသေ့တောင်မြို့နယ် တောင်ပိုင်း ကိုးတန်ကောက်၊ မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်ကျေးရွာတို့တွင် အိုးအိမ်များ ထူထောင်ပေးလျက်ရှိသည်။

“ အခုလို အမျိုးသားရေး စိတ်ဓာတ်နဲ့ ကူညီပေးနေကြသူတွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ ပြည်တွင်းကသာမက ပြည်ပနိုင်ငံတွေမှာ ရောက်နေကြတဲ့ ရခိုင်မိသားစုတွေလည်း ကူညီ နေကြပါတယ်။ အခုလို ကူညီနေကြတာတွေကို တွေ့ရတော့ ရခိုင်လူမျိုးတွေဟာ ဘယ်နေရာကို ရောက်ရောက် ကိုယ့်ဒေသ ကိုယ့်လူမျိုးတွေကို မေ့ပျောက်မသွားကြပါလားလို့ သိရတဲ့ အတွက် အရမ်းကို ပီတိဖြစ်ပြီး အားလုံးအတွက် ဂုဏ်ယူပါတယ်” ဟု ဒေါက်တာ အေးချမ်းက ပြောဆိုသည်။

အနောက်ဘက်နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေး အထောက်ပြု ကော်မတီ (CRR)သည် ယခုအခါ စစ်တွေမြို့တွင် ဌာနချုပ်ရုံးကို ဖွင့်လှစ်ထားပြီး ကိုးတန်ကောက်နှင့် အင်းဒင်ရွာတို့တွင်လည်း ရုံးခွဲများ ဖွင့်လှစ်ပြီး လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်နေကြောင်း သိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...