ဓမ္မစေတီခေါင်းလောင်းကြီးကို ပြန်ဆယ်ယူနိုင်ရန် သမ္မတကြီးနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံမှလည်း အလှူခံမည်

ဓမ္မစေတီခေါင်းလောင်းကြီးကို ပြန်ဆယ်ယူနိုင်ရန် သမ္မတကြီးနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံမှလည်း အလှူခံမည်
by -
ဒေါင်းလူ

ရန်ကုန်မြစ်ကြမ်းပြင်အောက်တွင် နစ်မြှုပ်နေသော ဓမ္မစေတီခေါင်းလောင်းကြီးကို ပြန်လည်ဆယ်ယူ နိုင်ရန်အတွက် အစိုးရဆီမှ ခွင့်ပြုချက်ရ ယူ၍ ၇ ရက်သားသမီးအပေါင်းနှင့် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်များထံ တွင် အလှူငွေထည့်ဝင်နိုင်ရန် အလှူခံသွားမည် ဟု ခေါင်းလောင်းပြန်လည် ဆယ်ယူရေး ကြိုးပမ်းနေသူ ဦးစံလင်းက ပြောသည်။

ဓမ္မစေတီခေါင်းလောင်းကြီးကို ပြန်လည် ဆည်ယူနိုင်ရေးနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ရန်ကုန်မြို့ Orchid Hotel တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်   ပြောကြားခဲ့ခြင်းဖြစ်သည်။

" နိုင်ငံတော်က ၇ ရက်သားသမီးတွေအလှူငွေ ပါအောင်လို့ လုပ်နေရတယ်ဆိုတော့ အဲဒီတော့ နိုင်ငံတော် သမ္မတကိုလည်း ကျွန်တော်တို့က တွေ့မယ်၊ တွေ့ရင်လည်း နိုင်ငံတော်သမ္မတက ၁ လစာထည့်၊ ဒေါ်အောင်ဆန်းစုကြည်က ပိုက်ဆံများနေရင်တော့ သူ့ကို သိန်းငါးထောင်လောက် ထည့်ခိုင်းမယ်၊ ဒုတိယသမ္မတဦးမြင့်ဆွေ သိန်း တစ်ထောင်လောက် ထည့်ခိုင်းမယ်၊ ကျန်တဲ့ ဝန်ကြီးတွေကတော့ လစာထဲက ထည့်ခိုင်းမယ်၊ သူတို့ ထည့်မလား၊ မထည့်လားကတော့ တစ်ကဏ္ဍပေါ့" ဟု ဓမ္မစေတီခေါင်းလောင်းကြီး ပြန် လည်ဆည်ယူရေး ကြိုးပမ်းနေသူ ဦးစံလင်းက ပြောသည်။

ဓမ္မစေတီခေါင်းလောင်းကြီးကို ပြန်လည် ဆည်ယူနိုင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတနှင့် တိုင်းဒေသကြီး အစိုးရထံ စာတင်ခဲ့သော်လည်း ပြန်လည်အကြောင်းပြန်ခြင်း မရှိသည့်အတွက် ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်း ဖြစ်သည်ဟု ၄င်းက ဆိုသည်။

ယခင် ဓမ္မစေတီခေါင်းလောင်းရှာဖွေစဉ်က ငွေ ကြေးကိစ္စရပ်များကို မိမိအနေနှင့် ဘာမှမသိဘဲ အလှူငွေများ ယူ၍ထွက်ပြေးသွားသည်ဟု စွပ်စွဲခံရခြင်းများ ရှိခဲ့သည်ဟု ဦးစံလင်းက ပြော သည်။

"ကျွန်တော့်အပေါ်မှာ အထင်လွဲနေကြတာတွေ ရှိတယ်၊ ပိုက်ဆံယူပြီး ထွက်ပြေးသွားပြီတို့ ဘာတို့ပေါ့၊ ကျွန်တော်က အဲဒါတွေဘာမှမသိဘူး၊ အလှူရှင်ဘယ်လောက်လှူတယ်။ ဘယ်သူလှူတယ်မသိပါဘူး" ဟု ဦးစံလင်းက ပြောသည်။

ဓမ္မစေတီခေါင်းလောင်းကြီးကို ပြန်လည် ဆည်ယူနိုင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတထံသို့ ထပ်မံစာတင်သွားမည်ဖြစ်ပြီး၊ အစိုးရဆီက ခွင့်ပြုချက်ရသည်နှင့် ဝါခေါင်လတွင် ပြန်လည်ရှာဖွေ ရေးလုပ်ငန်းများ စတင်မည်ဖြစ်သည်ဟု ဦးစံလင်းက ပြောသည်။

တပ်မတော်ရေ အငြိမ်းစား ဦးစံလင်းသည် ယခင် ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြင့်ဆွေ၏ ခွင့်ပြုချက်ဖြင့် ဓမ္မစေတီ ခေါင်းလောင်းကြီးကို ပြီးခဲ့သည့် ၂၀၁၄ သြဂုတ် ၉ ရက်နေ့က စတင်ရှာဖွေခဲ့ပြီး အချိန် ၁ လကျော် ကြာမြင့်ခဲ့ သည်။

ဓမ္မစေတီခေါင်းလောင်းကြီးကို ပေါ်တူဂီလူမျိုး ငဇင်ကာက လက်နက်လုပ်ရန်အတွက် ယခင် ဒဂုံ (ယခု ရန်ကုန်) ဘက်ကမ်းမှ သံလျင်ဘက်ကို ရန်ကုန် မြစ်ကြောင်းကတဆင့် သယ်ယူစဉ် နစ်မြုပ် ခဲ့သည်ဟု ယုံကြည် ရေးသားဖော်ပြချက်များ သည် အထောက်အထား ခိုင်လုံမှုမရှိဟု သမိုင်းပညာရှင်၊ သမိုင်းသုတေသီများက ထောက်ပြ ပြောဆိုခဲ့ခြင်းများရှိကြောင်း သိရသည်။

March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...