ကချင်ပါတီ ၃ ခု ကချင်အမျိုးသားကွန်ဂရက်ပါတီ ဖွဲ့စည်းရန် သဘောတူ

ကချင်ပါတီ ၃ ခု ကချင်အမျိုးသားကွန်ဂရက်ပါတီ ဖွဲ့စည်းရန် သဘောတူ
by -
ဖနိဒါ

ကချင်ပြည်နယ်ရှိ တိုင်းရင်းသား လူမျိုးပေါင်စုံ တန်းတူ အခွင့်အရေးရရှိရန် ကချင်နိုင်ငံရေးပါတီ ၃ ခု ပေါင်းစည်း၍ ကချင်အမျိုးသားကွန်ဂရက်ပါတီ (Kachin National Congrass Party-KNCP) ဟူသော အမည်ဖြင့် ၂၀၂၀ ရွေးကောက်ဝင်ရန် ဘုံသဘောတူညီချက် ရရှိလိုက်ပြီ ဖြစ်သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းရှိ ခန်းမတွင် ဖေဖော်ဝါရီလ ၁၅ မှရက်မှစတင် ကျင်းနေသော ပါတီများ ပေါင်းစည်းရေး အစည်းအဝေးတွင် ကချင်အမျိုးသားကွန်ဂရက်ပါတီ(KNC)၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ( KSDP)  ၊ ကချင်ဒီမိုကရက်တစ်ပါတီ (KDP) ပေါင်းစည်း၍ ပါတီအမည်သစ်ဖွဲ့စည်းသွားရန် ယမန်နေ့က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“ပါတီအလံနဲ့တံဆိပ် ဆုံးဖြတ်ခဲ့တယ်။ မနေ့ကတော့ ပါတီအမည်ကို ကျွန်တော်အားလုံး ဘုံသဘောတူညီချက် အရ ဆုံးဖြတ်လိုက်သည်။ ၂၀ ရက်နေ့မှာ အတည်ပြုပြီးတော့ ခေါ်သင့်ခေါ်ထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ခေါ်ပြီးတော့ ရှေ့လုပ်ငန်းစဉ်တွေ ဆက်ဆွေးနွေးသွားမှာပါ”ဟု ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး ကော်မတီ(KPCC)မှ ပြည်သူ့ဆက်ဆံရေး တာယန်ခံ ဦးဘရန်အောင်က ပြောသည်။

“ကချင်ပြည်မှာရှိတဲ့ တိုင်းရင်းသား အကုန်လုံးအတွက် အလုပ်လုပ်သွားမယ်။ ဒါက အဓိက မျော်မှန်းချက် ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမှာက တခြားလူမျိုးတွေ အများကြီးရှိတယ်။ အကုန်လုံးကို ကျွန်တော်တို့က တန်းတူအခွင့်အရေး ရရှိဖို့အတွက် လုပ်ဆောင်သွားမှာပါ”ဟု သူက ဆက်ပြောသည်။

တစ်ပါတီလျှင် ၁၅ ဦးပါဝင်သော ယာယီဗဟိုအလုပ်အမှုဆောင်ကော်မတီ ဖွဲ့စည်းခြင်း၊ ပါတီသစ် ကချင်အမျိုးသားအလံ တံဆိပ်ဖြစ်သော ဓါးနှစ်လက်နှင့် အောက်ခံအစိမ်းနှင့် အပေါ်ပိုင်းအနီ အလံ သုံးရန်နှင့် လိုဂိုသည်လည်း အလံ၏ ညာဘက် အပေါ်ထောင့်တွင် ကြယ်ဖြူတစ်စင်း ထည့်သွင်းရန် ဆုံးဖြတ်ခဲ့သည်ဟု ဦးဘရန်အောင်က ပြောသည်။

ထိုအစည်းအဝေးကို မနက်ဖြန် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ တစ်ရက် ရပ်နား၍ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ထိ ကျင်းပသွားမည် ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကချင်ပြည်သူလူထုကို တရားဝင်ရှင်းလင်းမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့က ကချင်နိုင်ငံရေးပါတီ ၃ ပါတီ ပေါင်းစည်းရန် သဘောတူ စာချွန်လွာ လက်မှတ် ရေးထိုးခဲ့ပြီးနောက် ယခု အစည်းအဝေးတွင် သုံးပါတီပေါင်း၍ ပါတီ အမည်သစ် ဖွဲ့စည်းသွားရန် ထပ်မံ သဘောတူ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီ(KPCC ) အဖွဲ့ဝင်ဖြစ်သော လောင်ဝေါ် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ဖွ့ံဖြိုးရေးပါတီ (LNUD) နှင့် အခြား အဖွဲ့ဝင်မဟုတ်သော လီဆူအမျိုးသား ဖွံံဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)-LNDP ပူးပေါင်းသွားရန် မရှိသေးသော်လည်း ဆက်လက်ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ဦးဘရန်အောင်က ပြောသည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...