စစ်တွေကမ်းနားမြေကွက်များ ရောင်းချမှု ရပ်ဆိုင်းရန် ညွှန်ကြား

စစ်တွေကမ်းနားမြေကွက်များ ရောင်းချမှု ရပ်ဆိုင်းရန် ညွှန်ကြား

နှစ်ရက်အတွင်း အမေရိကန်ဒေါ်လာ ၁၉.၅ သန်း (မြန်မာငွေဖြင့် ကျပ်ငွေ ၂၆ ဘီလီယံ) ထိ ရောင်းချခဲ့ရသော စစ်တွေမြို့၏ တိုးချဲ့ မြေကွက်များကို ဆက်လက်မရောင်းချဖို့နှင့် ရပ်ဆိုင်းထားရန် ရခိုင်ပြည်နယ်အစိုးရက ညွှန်ကြားလိုက်သည်။

“လုပ်ငန်းအားလုံးပြီးမှ အစိုးရအဖွဲ့က မြေနဲ့ပတ်သတ်ပြီး ဖွဲ့ထားတဲ့ကုမ္ပဏီရှိတယ်။ အဲဒီကော်မတီကို အပ်ရမယ်။ အဲဒီ ကော်မတီနဲ့ပဲ ရောင်းမယ့်ကိစ္စတွေကို စီမံရမယ်ဆိုပြီးပါတယ်။ စာချုပ်မှာပါတဲ့အတိုင်း   ဆောင်ရွက်ဖို့ပြောတာပါ။ ရပ်ဖို့ ခိုင်းတာမဟုတ်ဘူး။”ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာ၊ အခွန်၊ စီမံနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောသည်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်လာသည့် အဆိုပါ ညွှန်ကြားစာတွင် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်စေနိုင်ရေးအတွက် ယခု ရောင်းချရန် စီစဉ်ဆောင်ရွက်နေမှုများ အားလုံးကို လုံးဝရပ်ဆိုင်းထားရန်ဟု ဖော်ပြပါရှိပြီး ရခိုင်ပြည်နယ်ဝန်ကြီးချူပ် ကိုယ်စား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်၏ လက်မှတ်ရေးထိုးပါရှိသည်။

အဆိုပါ ညွှန်ကြားစာကို ကိုရီးယားကုမ္ပဏီဖြစ်သော BXT International Co., Ltd. ၏ ဥက္ကဋ္ဌ Mr. Seokhwan Park သို့ လိပ်မူ ပေးပို့ခဲ့ခြင်းလည်း ဖြစ်သည်။

စတုရန်းတစ်ပေလျှင် ကျပ် ၂၅၀၀၀ နှုန်းမှ စတင်ကာ ရောင်းချခဲ့သည့် စစ်တွေမြစ်ကမ်းမှ မြေကွက်များကို ဇန်နဝါရီလ ၆ ရက်နေ့မှ စတင်ကာ ရောင်းချခဲ့ခြင်းဖြစ်ပြီး နှစ်ရက်အတွင်း အမေရိကန်ဒေါ်လာ ၁၉.၅ သန်း (မြန်မာငွေဖြင့် ကျပ်ငွေ ၂၆ ဘီလီယံ) ဖိုး ရောင်းချနိုင်ခဲ့သည်ဟု iMyanmarHouse.com က ဇန်နဝါရီလအတွင်းက သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် BXT ကုမ္ပဏီတို့ သဘောတူရေးထိုးထားသည့် စာချုပ်တွင် လုပ်ငန်းအားလုံး ပြီးစီးမှသာလျှင် ထိုလုပ်ငန်းများအား အစိုးရအဖွဲ့မှ ဖွဲ့စည်းထားသော မြေစီမံခန့်ခွဲ့မှုကော်မတီသို့ အပ်နှံကာ ညှိနှိုင်းဆောင်ရွက်ရမည်ဟု ပါရှိသည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...