“လွတ်လပ်ရေးမှအပ အခြားမရှိ” ခေါင်းစဉ်ဖြင့် ဟောပြော၍ တရားစွဲခံရသူ ကိုအမ်းသားကြီး အမှုမှလွတ်မြောက်

“လွတ်လပ်ရေးမှအပ အခြားမရှိ” ခေါင်းစဉ်ဖြင့် ဟောပြော၍ တရားစွဲခံရသူ ကိုအမ်းသားကြီး အမှုမှလွတ်မြောက်
by -
စိုးသူအောင်

“လွတ်လပ်ရေးမှအပ အခြားမရှိ” ခေါင်းစဉ်ဖြင့် ဟောပြော၍ မတရားအသင်းဆက်သွယ်မှုဥပဒေဖြင့် တရားစွဲခံရထားသည့် ရခိုင်အခြေစိုက် လူမှုအဖွဲ့ အစည်း တစ်ခုဖြစ်သော သင်္ဂဟကမ်းလက်ရက္ခအဖွဲ့ ဥက္ကဋ္ဌ ကိုအမ်းသားကြီး(ခ)ကိုသန်းရွှေ အမှုမှလွတ်မြောက်ခဲ့သည်ဟု ရှေ့နေတစ်ဦးလည်းဖြစ် ရခိုင်အမျိုးသားပါတီ (ANP)အတွင်းရေးမှူးဖြစ်သူ ဦးထွန်းအောင်ကျော်က မဇ္စျိမသို့ အတည်ပြုပြောသည်။

အမ်းသားကြီး (ခ) သန်းရွှေမှာ အာဏာပိုင်များတားမြစ်နေသည့်ကြားမှ ၂၀၁၇ ခုနှစ်  ဧပြီ ၁၀ ရက်နေ့တွင် ကျရောက်သည့် AA တပ်ဖွဲ့ ၈ နှစ်ပြည့်အထိမ်း အမှတ်အဖြစ် ဟောပြောပွဲများကို မြောက်ဦးတွင် ပြုလုပ်ခဲ့သဖြင့် ယင်းနေ့တွင်ပင် မတရားအသင်းဆက်သွယ်မှုဥပဒေဖြင့် မြောက်ဦးမြို့မရဲစခန်းက အမှုဖွင့်ခဲ့ရခြင်း ဖြစ်သည်။

“ သူ့ကို စွဲတင်တာ စွဲချက်တင်လောက်တဲ့အချက်အလက်မရှိတဲ့အတွက် စွဲချက်မတင်ဘဲနဲ့ လွတ်တယ်။ ဒီနေ့လွတ်တယ်လို့ပြောပါတယ်” ဟု ဦးထွန်းအောင်ကျော်က ပြောသည်။

ယမန်နေ့ ရုံးချိန်းဖြစ်သည့် ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်း ၊ မြောက်ဦးမြို့နယ်တရားရုံးတွင် စွဲချက်တင်ခဲ့ခြင်း မရှိသည့်အတွက် အမှုမှလွတ်မြောက်လာခြင်း ဖြစ်သည်ဟု သိရသည်။

၎င်းသည် ၂၀၁၇ ခုနှစ်  ဧပြီ ၁၀ ရက်နေ့ညက မြတန်ဆောင်းဘုန်းတော်ကြီးကျောင်းတွင် ဟောပြောပွဲ တစ်ရပ် ပြုလုပ်ခဲ့ပြီး “လွတ်လပ်ရေးမှအပ အခြားမရှိ” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ခြင်းကြောင့်  ပုဒ်မ ၁၇(၁)/(၂) တို့ဖြင့် အမှုဖွင့်ခံခဲ့ရခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ် ဧပြီ ၈ ရက်နေ့က မြောက်ဦးမြို့နယ်ရှိ မြတန်ဆောင်း ဘုန်းတော်ကြီးကျောင်းတွင် “ရက္ခိုင့် တပ်မတော်နေ့၊ ရက္ခိုင့်တပ်မတော်ဖလား” ဘောလုံးပွဲကို ကျင်းပပြုလုပ်ခဲ့သော ဦးဆောင်သူ ဦးနန္ဒသာရနှင့် ကိုခိုင်နီမင်းတို့ကို မတရားအသင်းနှင့် ဆက်နွယ်မှုဖြင့် ဧပြီ ၁၀ ရက်နေ့တွင် မြောက်ဦးရဲစခန်းမှ ဖမ်းဆီးခဲ့ပြီး ၄င်းတို့မှာ အမှုရင်ဆိုင်နေဆဲဖြစ်ကြောင်းသိရသည်။

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...