နှစ်(၇၀)ပြည့် ချင်းအမျိုးသားနေ့ ဟားခါးမြို့၌ ကျင်းပမည်

နှစ်(၇၀)ပြည့် ချင်းအမျိုးသားနေ့ ဟားခါးမြို့၌ ကျင်းပမည်

လာမည့် ၂၀ ရက်နေ့တွင်ကျရောက်မည့် ချင်းတိုင်းရင်းသားတို့၏ နှစ်(၇၀)ပြည့် ချင်းအမျိုးသားနေ့ကို  ဟားခါးမြို့ ဝမ္မသူးမောင်အားကစားကွင်း၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

နှစ်(၇၀)ပြည့် ချင်းအမျိုးသားနေ့ အခမ်းအနားတွင် ချင်းရိုးရာ ခွေါင်ကြွဲပွဲ၊ ရိုးရာနပန်းပြိုင်ပွဲ၊ အထွဋ်အမြတ် တိုင်စိုက်ထူပွဲ၊ ရိုးရာယဉ်ကျေးမှုအကဖျော်ဖြေမှုများ ထည့်သွင်းကျင်းပသွားမည် ဖြစ်သည်။

ထို့အပြင် ရိုးရာယဉ်ကျေးမှုအသုံးအဆောင် ပစ္စည်းများပြခန်း၊ ရိုးရာဂျပ်ခုတ်လုပ်ငန်း သရုပ်ပြသမှု အပါအဝင် ဌာနဆိုင်ရာပြခန်းများနှင့် လူမှုရေးအသင်းအဖွဲ့များမှ ပြခန်းများ စုစုပေါင်း (၁၅)ခု ခင်းကျင်း ပြသသွားမည် ဖြစ်သည်။  

အဆိုပါ နှစ်(၇၀)ပြည့်ချင်းအမျိုးသားနေ့ပွဲတော်သို့ မည်သူမဆို လာရောက်ကြည့်ရှု အားပေးပါဝင် ဆင်နွှဲနိုင် ကြောင်း ဖိတ်ခေါ်ထားသည်။

May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...