NCA ထိုးပြီးမှ UNFC အဖွဲ့ဝင်ထိပ်သီးခေါင်းဆောင်များအနေဖြင့် အတိုင်ပင်ခံ၊ တပ်ချုပ်တို့နှင့်တွေ့ခွင့်ရမည်ဟုဆို

NCA ထိုးပြီးမှ UNFC အဖွဲ့ဝင်ထိပ်သီးခေါင်းဆောင်များအနေဖြင့် အတိုင်ပင်ခံ၊ တပ်ချုပ်တို့နှင့်တွေ့ခွင့်ရမည်ဟုဆို
by -
စိုးသူအောင်

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) ရေးထိုးပြီးမှသာ  ညီညွှတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် ထိပ်သီးခေါင်း ဆောင်များ အနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့်တွေ့ဆုံဆွေးနွေးခွင့်ရမည်ဟု အစိုးရဘက်မှပြောဆို ထားကြောင်း UNFC ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းဇော်က မဇ္စျိမသို့ပြောသည်။

 “(နိုင်ငံရေးဆိုင်ရာဆွေးနွေးညှိနှိုင်းရေးအဖွဲဲ့) DPN နဲ့  (ငြိမ်းချမ်းရေးကော်မရှင်) PC ၈ ကြိမ်မြောက်ညှိနှိုင်းမှုတစ်ဆို့ပြီးတဲ့နောက်မှာ ထိပ်သီးခေါင်း ဆောင်တွေတွေ့ဆုံနိုင်ဖို့အတွက် ကြိုးပမ်းတဲ့အခါမှာ အဲ့ဒီ့အတိုင်းပဲအစိုးရ ဘက်ကရပ်တည်ပါတယ်။ အဲ့ဒီ့ရပ်တည်ချက်ကြောင့်ပဲ ကျွန်တော်တို့တွေ့ဆုံဖို့ အခက်ခဲဖြစ်သွားတာပေါ့နော်။ NCA လက်မှတ်ရေးထိုးဖို့အနေအထား ကတော့ အစိုးရ၊ တပ်မတော်ပေါ်မှာပဲအဓိကမူတည်တယ်လို့ ပဲပြောရမှာဖြစ်ပါတယ်“ ဟု၄င်းကဆိုသည်။

 ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ဘက်မှ NCA ရေးထိုးရန် ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်(PC)ထံသို့ အဆိုပြုချက် (၈) ချက်တင်သွင်းပြီး (၁၇) လကျော်ကြာ   ဆွေးနွေးညှိနှိုင်းခဲ့သည်။

 UNFC မှ တင်ပြခဲ့သော အဆိုပြုချက် (၈) ချက်နှင့်ပတ်သက်၍ ယနေ့အချိန်ထိ နှစ်ဦးနှစ်ဖက် ကျေနပ်လောက်သော ရလာဒ်ကောင်းများမရှိ ခဲ့၍ နိဂုံးချုပ်နိုင်ရေး အတွက်   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့်တွေ့ဆုံဆွေးနွေးခွင့်ရရန်တောင်းဆိုခဲ့ခြင်းလည်းဖြစ်သည်။

 ဖေဖော်ဝါရီ ၁၃ ရက်တွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့အနေဖြင့် တဖွဲ့ချင်း လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ခဲ့သည်။

 ထို့ကြောင့် ဆွေးနွေး၍ မကြေလည်သေးသည့် အချက်ဖြစ်သည့် “ဖက်ဒရယ်ဒီမိုကရေစီ” ဆိုသည့် ဝေါဟာရနှင့်ပတ်သက်သော အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် အခြေခံမူများအား နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်တွင် ဆက်လက်ဆွေးနွေးရမည့် အကြောင်းအရာတခုအဖြစ် မှတ်တမ်းတင်ပေးရန် လည်းတောင်းဆို ထားသည်။

 သို့သော် UNFC အဖွဲ့ဝင်များအနေဖြင့် NCA လက်မှတ်ရေးထိုးပြီးမှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ နှင့်တွေ့ဆုံဆွေး နွေးခွင့်ရမည်ဟု အစိုးရဘက်မှပြောဆို ထားကြောင်း UNFC ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းဇော်ကပြောဆိုခဲ့ခြင်းဖြစ်သည်။

 အဆိုပါကိစ္စများအပြင် တန်းတူရေး အခြေခံဖြင့် အားလုံးလိုက်ပါနိုင်သော အခင်းအကျင်းမရှိခြင်း တို့ကြောင့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ကျင်းပမည့် NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ ANC အနေဖြင့် ပါဝင်တက်ရောက်နိုင်ခြင်းမရှိပါကြောင်း ပြည်သူလူထုနှင့် မဟာမိတ်များအား အသိပေးအပ်သည် ဟု ရခိုင်အမျိုးသားကောင်စီ (ANC) မှလည်းထုတ်ပြန်ထားသည်။

 ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ကို  မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် ရခိုင်အမျိုးသားကောင်စီ (ANC) တို့ဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...