ဖမ်းဆီးထားသော တပ်မတော် စစ်သုံ့ပန်း ၃ ဦးကို KIA က ပြန်လည်လွှဲပြောင်းပေး

ဖမ်းဆီးထားသော တပ်မတော် စစ်သုံ့ပန်း ၃ ဦးကို KIA က ပြန်လည်လွှဲပြောင်းပေး
by -
ဖနိဒါ

KIA က ဖမ်းဆီးထားသော စစ်သုံ့ပန်း ၃ ဦးကို ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) သို့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ပြန်လည် လွဲပြောင်းအပ်နှံခဲ့သည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေပိုင်းက ကချင်လွတ်လပ်ရေးအဖွဲ့ (KIA)  တပ်မ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ရင်းနှင့် တပ်မတော်တို့ မိုးကောင်းမြို့နယ် နန့်ဟိုင်ကျေးရွာ KBC ဆုတောင်းတောင်အနီး ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ဖမ််းဆီးရမိခဲ့သော တပ်မတော် တပ်ဖွဲ့ဝင် ၃ ဦးအား စစ်သုံ့ပန်းပေါ်လစီအရ PCGသို့ ယမန်နေ့ မွန်းလွဲဲ ၁ နာရီက လွဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

PCG မှ ဦးလမိုင်ဂွမ်ဂျာ၊ ဦးခပရာခွန်းအောင်၊ ဦးအင်ရှန်းဆန်အောင်တို့က စစ်သုံ့ပန်းများကို ဖားကန့်မြို့နယ် ကထန်ယန်ကျေးရွာတွင် စစ်သုံ့ပန်းများကို ခေါ်ယူခဲ့ပြီး ခမရ တပ်ရင်း ၂၅၅ သို့ ယမန်နေ့ ၆ နာရီခန့်တွင် ပြန်လည် လွဲပြောင်းပေးမည် ဖြစ်ကြောင်း PCG မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

“ ကေအိုင်အိုက နိုင်ငံတကာ စစ်ဥပဒေအတိုင်း သုံ့ပန်းတွေ ဒဏ်ရာရရင် ဆေးကုသပေးတာပါ၊ အသက်ရှင်သူ တွေကို ပြန်လွှတ်ပေးမယ်ဆိုတဲ့ စစ်ဥပဒေအတိုင်း လိုက်နာတာ ဖြစ်တယ်။ တပ်မတော်သား စစ်သုံ့ပန်း ၃ ဦးကို ခေါ်ယူနိုင်ခဲ့ပြီ။ ခုလမ်းမှာဘဲ ရှိသေးတယ်။ ညနေ ၆နာရီလောက်မှာ တပ်ရင်း ၂၅၅ ကို လွှဲအပ်ပေးမယ်”ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

ဆက်လက်၍ သူက “စစ်သုံ့ပန်းတွေကို မသတ်ဘဲ ပြန်ပေးအပ်လိုက်တယ်ဆိုတာက သူပုန်မဟုတ်ဘူး။ နိုင်ငံတကာစစ်ဥပဒေကို လိုက်နာအဖွဲ့ဖြစ်တယ်ဆိုတာကို ပြသတာ ဖြစ်တယ်”ဟု သူက ဆက်ပြောသည်။

အဆိုပါ ၃ ဦးမှ တပ်မ ၁၀၁ လက်အောက်ခံ ခမရ ၂၅၅ မှ တပ်မတော်သား တပ်ကြပ် သက်မောင်ထွေး (ကပ -၉၅၉၄၈၃)၊ တပ်သား မျိုးမင်းဇော် (တ-၅၃၂၀၆၆)နှင့် တပ်သား နေဆန်းမင်း (တ-၅၁၂၃၆၀) တို့ ဖြစ်ကြောင်း KIA တပ်ရင်း ၆ က ထုတ်ပြန်ထားသည်။

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...